ဆားတောင်မှာ ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ဆားတောင်မြို့နယ် ထဲမှာ ဒီကနေ့ ဇွန်လ ၂၅ ရက်နေ့ မနက်ပိုင်းက ကာကွယ်‌ရေးအဖွဲ့ဝင်နှစ်ဦး ကို စစ်ကောင်စီတပ်တွေက ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးသွားတယ်လို့ ဒေသခံတချို့က ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။
ဒီကနေ့ မနက်ပိုင်း ၉ နာရီ ဝန်းကျင်လောက်မှာ ကာကွယ်ရေးအဖွဲ့ဝင် နှစ်ဦးက ဆားတောင်မြို့နယ်ထဲကဖုန်းဆိုင်တစ်ဆိုင်မှာ တယ်လီဖုန်းဝယ်ဖို့ လာရောက်ချိန်မှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာကနေ ပစ်ခတ်ခဲ့တာကြောင့် ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးကတော့ " ဖုန်းလာဝယ်တာလို့ ပြောနေကြတယ်။ ကာကွယ်ရေးအဖွဲ့က လက်နက်ပါလာလား မပါလာလားတော့ မသိရဘူး စစ်ကောင်စီဘက်ကတော့ ဆားတောင်ရဲစခန်းရှိသလို မြို့ပေါ်မှာလည်း ကင်းစခန်းတွေ အများကြီး ရှိတယ်။ အဲဒီမှာ အပစ်ခံလိုက်ရတာပါ။ ခုတော့ အလောင်းတွေ လာကောက်သွားတယ်" လို့ ပြောပါတယ် ။ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က စစ်ကိုင်းမြို့နယ် ဆားတောင်မြို့ပေါ်ကို မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့က လက်နက်အပြည့်အစုံနဲ့ သွားလာနေတဲ့ ဓာတ်ပုံတွေ ထွက်ပေါ် လာခဲ့ပြီး နောက်ပိုင်းမှာလည်း ပြည်သူ့ကာကွယ်ရေး တပ်စခန်းတွေကို စစ်ကောင်စီက ဝင်ရောက်စီးနင်းမှုတွေ လုပ်ဆောင်နေပါတယ်။ အဲဒီနောက် ရွာ ၆ ရွာလောက် မီးရှို့ခံခဲ့ရပြီး၊ အမျိုးသမီး တစ်ယောက်လည်း မီးလောင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဆားတောင်မြို့ပေါ်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီအဖွဲ့တွေက ပုံမှန်ဆက်ရှိနေပြီး ဆားတောင်ပြည်သူဒေသခံတွေကတော့ အသွားအလာ သိပ်မရှိကြဘူးလို့ သိရပါတယ်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form