စစ်ကိုင်းမြို့နယ်အတွင်းသို့ စစ်တပ်က သင်္ဘောများဖြင့် ဝင်ရောက်လာပြီး ပြည်သူများကို ပစ်ခတ်မှု ၁ ဦးရင်ဘတ်ကျည်ထိမှန်၊ ပြည်သူများအများအပြား ဖမ်းဆီးခံရပြီး ကျေးရွာ ၅ ခုကို စစ်တပ်က မီးတင်ရှိ့နေ

ရန်ကုန်၊ ဇွန် ၂၅ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းသို့ ဧရာ၀တီမြစ်ကြောင်းအတိုင်း စစ် တပ်က သင်္ဘောများဖြင့် ဝင်ရောက်လာပြီး ပြည်သူများကို ပစ်ခတ်နေရာ ပြည် သူ ၁ ဦး ရင်ဘတ်ကျည်ထိမှန်ထားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ယနေ့ဇွန်လ ၂၅ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် မန္တလေးတိုင်း၊ ငါန်းဇွန် မြို့နယ် ဘက်မှ စစ်တပ်က သင်္ဘောများဖြင့် ဧရာ၀တီမြစ်ကိုဖြတ်ကာ စစ်ကိုင်း မြို့နယ်၊ သုံးလင့် ၊ကိုင်းပြင်၊ ကင်းတော်၊ လယ်ပါယ်တော၊ မြင်းဆည်၊ ဥယျာဉ်၊ မြစ်သာ ရွာများဘက်သို့ နှစ်နေရာခွဲ၍ လက်နတ်ကြီးငယ်များပစ်ခတ်၍ တပြိုင် နက်တည်း စစ်ကြောင်းထိုးလာကြောင်း၊ ယင်းနောက် ကင်းတော်၊ကိုင်းပြင်၊လယ်ပာယ်တော၊ ဥယျာဉ်၊မြစ်သာရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးနေ ကြောင်း သိရှိရသည်။
စစ်တပ်က ကျေးရွာများကို ပစ်ခတ်ပြီးမှ ဝင်ရောက်စီးနင်းနေရာ ပြည်သူ ၁ ဦး ရင်ဘတ်ကျည်ထိမှန်ပြီး အသက် အန္တရာယ်စိုးရိမ်ရကြောင်း၊ ပြည်သူ အများ အပြားလည်း ဖမ်းဆီးခံနေရကြောင်း သိရှိရသည်။ "ပြည်သူများဘေးလွတ်ရွာထွက်ပြေးနေကြရတယ်။ မြင်းဆည်ရွာသား ပြည်သူ တစ်ဦး ရင်ဘတ်ကျည်ထိထားပါတယ်။ အဖမ်းခံထားရ တဲ့ပြည်သူတွေ လည်းရှိ ပါတယ်။ အခြေအနေကတော့ တော်တော်ဆိုးပါတယ်။ ရေတက်ချိန်ဖြစ်တော့ မြစ်တွေက ရေပြည့်နေတော့ ကမ်းကို တစ်ခါတည်းကပ်လို့ရတယ်။ သင်္ဘော ပေါ်ကနေ လက်နက်ကြီးနဲ့ ၇ ရွာတစ်တန်းလုံးကို ပစ်ခတ်ပြီး ဝင်လာတာ။ ရက် စက်ချက်။ ရေတက်ချိန်ဆို တော့ ကမ်းကို တစ်ခါတည်း သင်္ဘောက ကပ် လို့ရ တယ်" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။ လက်ရှိတွင် ကျေးရွာ ၇ ခုမှ ပြည်သူရာချီ၍ စစ်ဘေးရှောင်နေရပြီး အခြေအနေ အလွန်ဆိုးဝါးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form