ဘီလာရုဇ်သမ္မတရဲ့ ကြားဝင်ဖျန်ဖြေမှုကြောင့် ဝဂ္ဂနာကြေးစားစစ်သားတွေ မော်စကိုမြို့တော်မှ ပြန်ဆုတ်ခွာ

ဧရာဝတီတိုင်းမ် ဇွန်လ ၂၅ ရက် သွေးထွက်သံယိုမှုတွေကို ရှောင်ရှားဖို့ သူ့ရဲ့ကြေးစားစစ်သားတွေိဟာ မော်စကိုမြို့တော်မှ ပြန်ဆုတ်ခွာ လာပြီလို့ ဝဂ္ဂနာတပ်ဖွဲ့ခေါင်းဆောင် ယက်ဗ်ဂျီနီပရီဂိုဇင်က ပြောပါတယ်။ ဝဂ္ဂနာကြေးစားစစ်သားတွေဟာ ပရီဂိုဇင်ရဲ့အမိန့်အရ မော်စကိုမြို့တော်သို့ ချီတက်နေတယ်လို့ သတင်း တွေ ထွက်ပေါ်နေခဲ့တာပါ။ “ရုရှားနိုင်ငံမှာ သွေးထွက်သံယိုမှုတွေ မဖြစ်စေချင်တာကြောင့် စီစဉ်ထားတဲ့အတိုင်း ကျွန်တော်တို့ရဲ့တပ် ဖွဲ့တွေကို စစ်မြေပြင်စခန်းတွေကို ပြန်လည့်လာနေပါပြီ” လို့ မနေ့က လူမှုကွန်ရက်မှာတင်ခဲ့တဲ့ အသံဖိုင်တစ်ခုမှာ ပရီဇင်ဂိုက ပြောကြားခဲ့ပါတယ်။
ပရီဂိုဇင်ဟာ ပုဂ္ဂလိကကြေးစားတပ်ဖွဲ့ရဲ့ အကြီးအကဲဖြစ်ပြီး ယူကရိန်းစစ်ဆင်ရေးနဲ့ပတ်သက်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနဲ့ တင်းမာမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ သူ့ရဲ့တပ်ဖွဲ့တွေဟာ ရော့စတော့ဗ်ဒေသရှိ ရုရှားတောင်ပိုင်းစစ်ဘက်ခရိုင်ဌာနချုပ်ကို သိမ်းပိုက်ခဲ့တယ်လို့ ပရီဂိုဇင်က ဇွန်လ ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ မနေ့က အရေးပေါ်မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီး ရုရှားနိုင်ငံဟာ သစ္စာဖောက်မှုတစ်ခု ကြုံတွေ့နေရတာကြောင့် ပြတ်သားစွာ အရေးယူဖို့ စစ်တပ်ကို ညွှန်ကြားခဲ့ပါတယ်။ ပရီဂိုဇင်ကလည်း လက်နက်ချဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဝဂ္ဂနာကြေးစားစစ်သားတွေ မော်စကိုမြို့တော်မှ ပြန်လည်ရုတ်သိမ်းဖို့ ဘီလာရုဇ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကို ကြားဝင်စေ့စပ်ပေးခဲ့တယ်လို့ ဘီလာရုဇ် သမ္မတရုံးက ထုတ်ပြန်ပါတယ်။ ရုရှားနိုင်ငံတွင်း လှုပ်ရှားနေတဲ့ ဝဂ္ဂနာတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကိုရပ်ဆိုင်းပြီး တင်းမာမှုတွေ လျှော့ချ ဖို့ လူကာရှန်ကိုက ပရီဂိုဇင်က တိုက်တွန်းခဲ့တယ်လို့ ဘီလာရုဇ်သမ္မတရုံးက ပြောပါတယ်။ ဝဂ္ဂနာတပ်ဖွဲ့တွေ ဆုတ်ခွာဖို့ ကမ်းလှမ်းချက်ကို လက်ခံခဲ့တယ်လို့ ပရီဂိုဇင်က ဝန်ခံခဲ့ပေမယ့် လူကာရှန် ကိုရဲ့ အဆိုပြုချက်ကြောင့် ဝဂ္ဂနာတပ်ဖွဲ့တွေ ရုတ်သိမ်းတာ ဟုတ် မဟုတ်တော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ယူကရိန်းသမ္မတ ဇီလန်စကီးဟာ မနေ့က ရုပ်သံဖိုင်တစ်ခုအတွင်း ရုရှားခေါင်းဆောင်ပိုင်းဟာ အခြေ အနေကို မထိန်းချုပ်နိုင်ဘဲ ပရမ်းပတာဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။ “ယူကရိန်းက ရုရှားကို အနိုင်ရရှိမှာဖြစ်ပြီး ပူတင်က ကြောက်ရွံ့တာကြောင့် တစ်နေရာမှာ ပုန်းအောင်းနေ တာဖြစ်နိုင်တယ်” လို့ ဇီလန်စကီးက ရုရှားဘာသာနဲ့ ပြောပါတယ်။ ကိုးကား - NHK Ref; Prigozhin insists his mercenaries are "turning away from Moscow"

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form