ထိုကဲ့သို့ ဖမ်းဆီးမှုများအား သတင်းစာသတင်းထောက်များ ဓါတ်ပုံရိုတ်ခွင့် မပြုခဲ့သလို၊ သတင်း ဓါတ်ပုံ ရိုက်ယူမှုကြောင့် မလေးရှားနိုင်ငံ နာမည်ကြီးသတင်းစာ တစောင်မှ သတင်းထောက် တဦးနှင့် စစ်ဆင်ရေး တာဝန်ရှိသူ အာဏါပိုင်အရာရှိတဦး ခိုက်ရန် ဖြစ်ပွါးလုဆဲဆဲ ဖြစ်ပွါးခဲ့ပြီး၊ အဆိုပါ သတင်းအား ဖေါ်ပြခွင့် မရခဲ့သောကြောင့် မကြေမနပ် ဖြစ်ရပါသည်ဟု အမည် မဖေါ်လိုသော သတင်းစာ သတင်းထောက်မှ BWRPC အားပြောကြားပါသည်။
မလေးရှားအာဏါပိုင်များသည် နိုင်ငံခြားသားအလုပ်သမား စစ်ဆင်ရေးများအား သတင်းဌာနများမှ ဖေါ်ပြခြင်းကို မပြုလုပ်စေခြင်သည့် သဘောထားကို သတင်းအယ်ဒီတာများက လိုက်လျောပြီး သတင်းစာများတွင်ဖေါ်ပြခြင်း မပြုလုပ်သည်ကို မြင်တွေ့နေရပါသည်။
source by : http://malaysiaburma.blogspot.com/2009/03/blog-post_23.html