မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု လက်မှတ်ကောက်ခံပွဲ (မလေးရှား)


(ဓါတ်ပုံမှာ- အကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှု လက်မှတ်ကောက်ခံပွဲနှင့် ဓါတ်ပုံပြပွဲ
အကျဉ်းချုပ် ပြုလုပ်သော မတ်လ(၂၁)ရက်နေ့မှ ဖြစ်ပါသည်)

အကြီးကြည့်ရန် ရုပ်ပုံပေါ် ကလစ်နှိပ်ပါ
AAPPB နှင့် FDB တို့ ဦးဆောင်သော နိုင်ငံတကာလှုပ်ရှားမှုတွင် မလေးရှားနိုင်ငံတွင်း ကောက်ခံရန် BWRPC မှ DPNS-Malaysia Brach နှင့်အတူ မလေးရှားနိုင်ငံ NGO များဖြစ်သော SUARMA (working for human rights) LRC (Labour Rescues Center) တို့လည်း ပူပေါင်းကူညီကြပေးသည်။

မလေးရှားနိုင်ငံတွင်း မလေးရှားပြည်သူများ၏ မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှု နှင့် မြန်မာနိုင်ငံရေးအကျဉ်းသားများ အကြောင်း ဖြစ်ရပ်မှန်များအား နားလည်သဘောပေါက်ပြီး ၀ိုင်းဝန်းကူညီ လာစေရေး အတွက် အဓိကရည်ရွယ်ကာ မတ်လ ၂၁ ရက်နေ့တွင် SUARAM မှကျင်းပသော Running (DVD) စတင်ဖွင့်လှစ်ပွဲအခမ်းအနားတွင် အကျဉ်းသားလွတ်မြောက်ရေး ဓါတ်ပုံပြပွဲ အကျဉ်းချုပ် တခုကို ပြုလုပ်နိုင်ခဲ့ပါသည်။ ထိုအခမ်းအနားကို တက်ရောက်လာသော မလေးနိုင်ငံသား လူ့အခွင့်အရေးလှုပ်ရှားသူများ၊ USA, UK, Demark စသော နိုင်ငံများမှ လာရောက် လည်ပတ်သည့ှ် စိတ်ဝင်စားသူများ စုစုပေါင်း (၅၀၀) ဦးခန့် လက်မှတ် ရေးထိုးပေးကြပါသည်။
ယ္ခုအခါ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လက်မှတ်ကောက်ခံခြင်းအား လက်မှတ်ပေါင်း (၃၄၀၀) ခန့် မလေးရှား နိုင်ငံတွင်းမှာ ကောက်ခံရရှိထားပြီး မလေးရှားအတိုက်အခံအမတ် ခုနှစ်ဦး စုပေါင်းပြီး လက်မှတ်ရေးထိုးပေးရန် ကတိပြုထားသော ရက်ချိန်း ရရှိထားပါသည်။

source by : http://malaysiaburma.blogspot.com/2009/03/blog-post_24.html

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form