အမေရိကန်နဲ့ နျူကလီးယားစစ်ပွဲ ဖြစ်လာနိုင်တယ်လို့ မြောက်ကိုရီးယား သတိပေး

ဧရာဝတီတိုင်းမ်
ဇွန်လ ၂၆ ရက်
အလုပ်သမားပြည်သူနဲ့ ကျောင်းသူကျောင်းသား ၁၂၀၀၀၀ ခန့်ဟာ မနေ့က ပြုံယမ်းမြို့တော်တစ်ဝှမ်းပြု လုပ်တဲ့ စုဝေးပွဲတွေမှာ ပါဝင်ခဲ့တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ “အမေရိကန်ပြည်မဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ ပစ်ကွင်းအတွင်း ရှိနေသည်”၊ “အမေရိကန်သည် ငြိမ်း ချမ်းရေး ဖျက်ဆီးသူဖြစ်သည်” ဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်ထားတဲ့ ပြည်သူတွေနဲ့ပြည့်နှက်နေတဲ့ အားကစား ကွင်းတစ်ခုကို နိုင်ငံပိုင်မီဒီယာကထုတ်ပြန်တဲ့ ဓာတ်ပုံတွေက ပြသခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို စောင့်ကြည့်မှုတိုးမြှင့်ဖို့ မြောက်ကိုရီးယားနိုင်ငံက ပထမဆုံး သော သူလျှိုဂြိုဟ်တုကို မကြာမီ စေလွှတ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေရှိနေချိန် အခုလို လူစုလူဝေးနဲ့ အမေရိကန် ကိုဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့တာပါ။

မြောက်ကိုရီးယားနိုင်ငံက မေလ ၃၁ ရက်မှာ သူလျှိုဂြိုဟ်တုတစ်လုံး လွှတ်တင်ဖို့ ပထမအကြိမ် ကြိုးပမ်း ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

အမေရိကန်နယ်ချဲ့တွေကို အပြစ်ပေးဖို့ မြောက်ကိုရီးယားနိုင်ငံမှာ ယခုအခါ အလွန်အင်အားပြင်းထန်တဲ့ လက်နက်တွေ ရှိနေပြီဖြစ်ကာ ရန်သူကို အပြင်းအထန် လက်စားချေမယ်လို့ KCNA သတင်းဌာနက ပြောပါတယ်။ နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားနိုင်ငံက အကြီးမားဆုံး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် အပါ အဝင် လက်နက်အမျိုးမျိုး စမ်းသပ်ခဲ့ရာ တောင်ကိုရီးယား၊ အမေရိကန်နိုင်ငံတွေနဲ့ တင်းမာမှုတွေ မြင့်တက်ခဲ့ပါ တယ်။ အမေရိကန်နိုင်ငံက နျူကလီးယားစစ်ပွဲတစ်ခု အစပျိုးဖို့ ကြိုးပမ်းနေပြီး ဒေသတွင်းသို့ မဟာဗျူဟာ မြောက် စစ်လက်နက်တွေ ပို့ဆောင်နေတယ်လို့ သီးခြား ထုတ်ပြန်ချက်တစ်ခုအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ကိုးကား - Reuters

Ref; North Korea holds mass rallies denouncing US, warns of nuclear war


source by : Ayeyarwaddy Times

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form