ရွေးကောက်ပွဲအနိုင်ရ ပီတကို ဝန်ကြီးချုပ်အဖြစ် မရွေးချယ်နိုင်လို့ လူထုဆန္ဒပြပွဲတွေဖြစ်လာရင် နှိမ်နင်းဖို့ ထိုင်းစစ်တပ်နဲ့ရဲတပ်ဖွဲ့က ကြိုတင်ပြင်ဆင်

ဧရာဝတီတိုင်းမ် ဇွန်လ ၂၇ ရက် ဇူလိုင်လယ်မှာ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် ပီတလင်ဂျာရိုရတ်ကို ဝန်ကြီး ချုပ်အဖြစ် မရွေးချယ်နိုင်ပါက ကစဉ့်ကလျားအခြေအနေနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ရင် အကောင်အထည်ဖော် မယ့် လုံခြုံရေးအစီအမံတွေကို ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဆွေးနွေးနေတယ်လို့ သိရပါတယ်။ 

ပီတကို ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ဖို့ အထက်လွှတ်တော်အမတ် သို့မဟုတ် အခြားပါတီ တွေများမှ လွှတ်တော်အမတ် ၆၃ ဉီးရဲ့ ထောက်ခံမှုကို လွှတ်တော်အမတ် ၃၁၃ ဉီးနဲ့ ဖွဲ့စည်းထားသော Move Forward ပါတီဉီးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က မရရှိလျင် Move Forward နဲ့ Pheu Thai ပါတီ ထောက်ခံသူတွေ က အကြမ်းဖက်ဆန္ဒပြမှုတွေ ပြုလုပ်လာမှာကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ကြောက်ရွံ့နေတယ်လို့ သတင်းရင်းမြစ်တွေ က ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ ၃၀ ဉီးမြောက် ဝန်ကြီးချုပ်သစ် ရွေးချယ်ဖို့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်က လွှတ်တော်အစည်းအဝေးတွေခေါ်ယူချိန် ညွန့်ပေါင်းအဖွဲ့အနေနဲ့ အစိုးရသစ်ဖွဲ့စည်းနိုင်ဖို့ အထက်လွှတ်တော် သို့မ ဟုတ် လွှတ်တော်အမတ် ၆၃ ဉီးရဲ့ ဆန္ဒမဲ လိုအပ်နေပါတာပါ။ 

ပီတဟာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရဖို့ လွှတ်တော်အမတ်နဲ့ အထက်လွှတ်တော်အမတ် ၇၅၀ ဉီးရဲ့ ဆန္ဒမဲအများစု လိုအပ်မှာဖြစ်ပါတယ်။ ပူးတွဲလွှတ်တော်အစည်းအဝေးကို ဇူလိုင်လ ၁၃ ရက်မှာ ပြုလုပ်မယ်လို့ ဒုတိယဝန်ကြီးချုပ် ဝစ်ဆာနူကရီ ယာက ဇွန်လ ၂၀ ရက်မှာပြုလုပ်တဲ့ အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ရွေးကောက်ခံရတဲ့ လွှတ်တော်အမတ် ၅၀၀ ဟာ ဇူလိုင်လ ၃ ရက်မှာပြုလုပ်မယ့် နိုင်ငံတော်အဆင့် အခမ်း အနားတစ်ခုမှာ ကျမ်းသစ္စာကျိန်ဆိုမယ်လို့ တော်ဝင်အမိန့်ပြန်တမ်းအရ သိရပါတယ်။ 

အောက်လွှတ်တော်ဥက္ကဌ ရွေးချယ်ပြီးပါက ဝန်ကြီးချုပ်သစ် ရွေးချယ်ဖို့ လွှတ်တော်နှစ်ရပ် အစည်းအဝေး တွေကို ၁၀ ရက်အတွင်း ပြုလုပ်မှာဖြစ်ပါတယ်။ Move Forward ပါတီက ပုဒ်မ ၁၁၂ လို့ခေါ်တဲ့ သက်ဉီးစံပိုင်ဘုရင်စနစ်ဉပဒေကို ဆန့်ကျင်တာကြောင့် အထက်လွှတ်တော်အမတ်အများစု ပီတကို ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ဖို့ မဲမပေးဘူးလို့ ပြောပါတယ်။ Move Forward နဲ့ Pheu Thai ပါတီ ထောက်ခံသူတွေဟာ အထက်လွှတ်တော်အမတ်တွေအပေါ် ဖိ အားတိုးပေးဖို့ ဝန်ကြီးချုပ်သစ် မရွေးချယ်မီ ဆန္ဒဖော်ထုတ်ဖို့ စီစဉ်နေတယ်လို့ စစ်ဘက်နဲ့ရဲသတင်းရင်းမြစ်တွေက ဆိုပါတယ်။ 

လွှတ်တော်အဆောက်အအုံအနီး ရဲတပ်ဖွဲ့က ရှေ့မျက်နှာစာမှ လုံခြုံရေးဆောင်ရွက်ကာ ရဲတပ်ဖွဲ့က အကူ အညီတောင်းခံလျင် အင်အားဖြည့်စေလွှတ်ဖို့ စစ်တပ်ရဲ့တပ်ရင်းသုံးရင်းကို အသင့်အနေအထား ထားရှိဖို့ စစ်တပ် နဲ့ ရဲတပ်ဖွဲ့က သဘောတူခဲ့ပါတယ်။ လွှတ်တော်အဆောက်အအုံအနီးရှိ စစ်တန်းလျားတွေမှ စစ်သားတွေကို အသင့်အနေအထားနေဖို့ ထိုင်း စစ်တပ်က ညွှန်ကြားခဲ့သလို တော်ဝင်ထိုင်းရေတပ်ရဲ့ ဗန်ကောက်ရေတပ်အခြေစိုက်စခန်းက အင်အားဖြည့်တင်းဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
ကိုးကား - The Straits Times 
Ref; Thai police, military prepare for mass protests if Pita’s bid to be PM is thwarted 
Source By : Ayeyarwaddy Times

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form