ပုဒ်မ ၅၉ (စ) မပြင်ရန် ဖွဲ့စည်းပုံပြင်ရေး လွှတ်တော် ကော်မတီ ဆုံးဖြတ်ပြီ

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD အနိုင်ရလျှင်ပင် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်တော့ပေ။(ဓာတ်ပုံ-ဟိန်းထက်/ဧရာဝတီ)
ဧရာဝတီ | ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့် မရရှိစေရန် တားဆီး နေသော ပုဒ်မ ၅၉ (စ) ပါ ပြဋ္ဌာန်းချက်များကို မပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက ဇွန်လ ၆ ရက်နေ့တွင် ဆုံးဖြတ် လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် အများစု ပါဝင်သော လွှတ်တော် ကိုယ်စားလှယ် ၃၁ ဦးပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီက ဇွန်လ ၆ ရက်နေ့တွင် ကျင်းပ သော အခြေခံဥပဒေ ပြင်ဆင်ရေး အစည်းအဝေးတွင် ပုဒ်မ ၅၉ (စ) မပြင်ဆင်ရန် မဲခွဲ ဆုံးဖြတ် အတည်ပြု လိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန်

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form