သတင်းစာရှင်းလင်းပွဲ ပြောကြား ချက် ပီနန်ဆရာတော်ကြီး ငြင်းဆို


ပီနန်ဆရာတော် ဦးပညာဝံသပုံ (Photo: RFA)
အာအက်ဖ်အေ | ဇွန်လ ၁၀ရက်နေ့က အာဏာပိုင်တွေ အင်အားသုံးပြီး သိမ်းပိုက်လိုက်တဲ့ မဟာသန္တိသုခကျောင်းနဲ့ ပတ်သက် ပြီး သတင်းစာရှင်းပွဲမှာ အာဏာပိုင်တွေက ဒီကျောင်းမှာ ပီနန်ဆရာတော်ကြီးဟာ တရားမ၀င်နေထိုင်တယ် လို့ ပြောဆိုချက်ကို ပီနန်ဆရာတော်ကြီးက ငြင်းဆို လိုက်ပြီး ဒီကျောင်းကို အစိုးရက ဆရာတော်ကြီးကို လှူဒါန်းထားတာဖြစ်ကြောင်း ဆရာတော်ဦးပညာဝံသက RFA မိန့်ပါတယ်။

သတင်းစာရှင်းပွဲမှာ ဆရာတော် ဦးပညာဝံသနဲ့ နောက် လိုက်သံဃာ လူပုဂ္ဂိုလ်တွေဟာ ကျောင်းတော်ကြီးပေါ်မှာ အင်အားသုံးနေထိုင်နေတာဖြစ်တယ်လို့ အာဏာ ပိုင်တွေက ပြောခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပီနန်ဆရာတော်က ခုလိုမိန့်ပါတယ်။

"ဒီကျောင်းကို သံဃာ့နာယကကို ခဏအပ်ထားတာပါတဲ့၊ နောက်ပြီး ဒီကျောင်းကိုလည်း အစိုးရကသိမ်းတာ မဟုတ်ပါဘူးတဲ့၊ အဲ့လိုပြောတယ်၊ အစိုးရက ဘုန်းကြီးနာမည်နဲ့ ပေးထားတာ အဲလိုဆို သံဃာ့နာယက တရားဝင်တာမဟုတ်ဘူး၊ တရားမဝင်တဲ့အပြင် သူတို့က အကသင်တန်းတွေလုပ်၊ မင်္ဂလာဆောင်တို့ ကုန်သည်တွေကို ငှားစားပြီးတော့ အဲဒီ့သာသနပြုကျောင်းကြီးကို သာသနာနဲ့ ပတ်သက်တာ ဘာမှမလုပ်ပဲနဲ့ ဟိုတယ်လိုလုပ်ပြီးတော့ ငှားစားပစ်တာ"

သတင်း အပြည့်အစုံ ဖတ်ရန်

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form