တိုင်းပြည်အတွက် လက်ချင်းယှက်တွဲ ပါဝင်နွှဲ

            လာမည့်ရက်ပိုင်း အတွင်း သံဃာတော်များမှ စုပေါင်း ဆွမ်းလောင်းပွဲကို ပြုလုပ်ကာ ထိုမှတဆင့် မေတ္တာသုတ် ရွတ်၍ လမ်းလျှောက်မှုကို ပြုလုပ်မည် ဖြစ်ပါသည်။ ရွေးကောက်ပွဲ မတိုင်မီ လူထုရှေ့မှောက်၌ ဆောင်ရွက်ကြမည် ဖြစ်သောကြောင့် လှုံ့ဆော်မှု ဖြစ်ပါသည်။ ပြည်တွင်းရှိ အင်အားစုများမှလည်း ၀ိုင်းရံ ပံ့ပိုးပေးနိုင်ရန် မေတ္တာ ရပ်ခံလိုက်ပါသည်။ ပါဝင်မှုကြီးလျှင် ကြီးသလောက် ကျယ်ပြန့်မှု ရှိနိုင်ပါသည်။ မိမိတို့၏ အင်အားစု အနေများဖြင့် ပါဝင်နိုင်မှု အမျိုးမျိုးကိုရွေးချယ်၍ ပါဝင်ပေးရန် တင်ပြအပ်ပါသည်။
၁။ ဆွမ်းလောင်းရာတွင် ပါဝင် ဆောင်ရွက်ခြင်း။
၂။ သတင်းဖြန့်ချီ လက်ဆင့်ကမ်းခြင်း။
၃။ ၂၀၁၀ ဆန့်ကျင်ရေး စာရွက်များ ပြည်သူလူထုကြား၌ ဖြန့်ဝေပေးခြင်း။
၎။ ထောက်လှမ်းရေး ရဲများအား ချက်ချင်း မလာရောက်စေနိုင်သည့် အာရုံပြောင်း လှုပ်ရှားမှုများ ဆောင်ရွက်ပေးခြင်း။
၅။ မိမိတို့ အင်အားစု ကိုယ်တိုင် ပါဝင်ဆန္ဒပြရန် ၂၀၁၀ ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် လှုံ့ဆော်ခြင်း။

            ဤလှုပ်ရှားမှုသည် နေ့စဉ်ရက်ဆက် မဟုတ်ဘဲ အချိန်အကန့်အသတ်ဖြင့်သာ ဆောင်ရွက်မည် ဖြစ်ပါသည်။ တခြား နေရာများတွင်လည်း ဆင့်ပွားမီးကူးသကဲ့သို့ဖြစ်စေရန် စီစဉ်နိုင်လျှင်ကောင်းပါသည်။ လမ်းပြမြေပုံကို အဆင့်တိုင်းတွင် တိုက်ဖျက်သွားမည့် သူများရှိနေလိမ့်မည်ဟု ယုံကြည်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး

A.B.M.A

All Burma Monks Alliance

http://allburmamonksalliance.com/
http://allburmamonksalliance.org/

HRmyanmar

http://kyeesaytaman.blogspot.com/ တွင် ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့အား နှိပ်ကွပ်ရေးဖွဲ့ထားတာကြည့်ပြီး ဒေါသအရမ်းဖြစ်မိပါသည်။ ထိုကဲ့သို့ မမှန်မကန်တဲ့သတင်းကို နားမလည်သူတစ်ယောက်သာ ဖတ်မိလျှင် အထင်လွဲပြီး အမှားကို အမှန် ထင်နေမှာပဲဆိုတဲ့ အတွေးနဲ့ မှန်ကန်သော သတင်းအချက်အလက်များနှင့် လူ့အခွင့်အရေးအတွက် တဖက်တလမ်းမှ ကြိုးပမ်းချင်သဖြင့် Saturday, May 02, 2009 မှာ ဒီ blog စတင်ရေးသားပါသည်။

Previous Post Next Post

Contact Form