ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရရဲ့ ဆွေးနွေးပွဲကို ထောက်ခံပွဲ

သံလျှင်မှာ လူဘောင်သစ် ဒီမိုကရက်တစ် ပါတီ ( ပြည်ထောင်စု မြန်မာနိုင်ငံ )
က လူထု အစည်းအဝေးပွဲ ပုံစံ ကျင်းပ

၂၀၁၀ နိမိတ်
မျှားတွေကို
အယုံသွင်း
လှ့ည်ဖျားပြီး သတ်ဖို့
ပစ်မှတ်ကို သူတို့ ခေါ်သွားကြပြီ
အယုံလွယ်တဲ့ မျှားတွေ အဖြစ်က
ပစ်မှတ်မှာ ဦးခေါင်းနှစ်ပြီး
သေရစ်ကြပေတော့. . . . .။ ( မီးဒုတ် )

အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းမှာ ရန်ကုန်တိုင်း သံလျှင်မြို့နယ် ဗိုလ်ချုပ် နေ၀င်းလမ်း ထန်းပင်ကုန်း ရပ်ကွက် အိမ်အမှတ် (၁၅၀) ဖို့မြေ မှတ်တိုင် အနီးက အဲဒီ အိမ်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရရဲ့ ဆွေးနွေးပွဲကို ထောက်ခံပွဲ ဆိုပြီး ဆိုင်းဘုတ် အနီနဲ့ အကြီးကြီး တင်ထားတယ် ကျင်းပတဲ့ လူဘောင်သစ် ဒီမိုကရက်တစ် ပါတီ ( ပြည်ထောင်စု မြန်မာနိုင်ငံ ) က သူတွေရဲ့ စည်းရုံးရေး လုပ်ကြတာပါ လူထု အစည်းအဝေးပွဲ ပုံစံလုပ်တာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရရဲ့ တွေ့ဆုံ ဆွေးနွေးပွဲကို ကြိုဆို ထောက်ခံတဲ့ ပွဲလို့ ကျင်းပတဲ့ သူ လူဘောင်သစ် ဒီမိုကရက်တစ် ပါတီ ( ပြည်ထောင်စု မြန်မာနိုင်ငံ ) ကပြောပါတယ် လူဘောင်သစ် ဒီမိုကရက်တစ် ပါတီ ( ပြည်ထောင်စု မြန်မာ နိုင်ငံ ) ဆိုတာကို အစိုးရက အခုထိ ပါတီ တရားဝင် ဖွဲ့ စည်းခွင့် ပေးတာ မဟုတ်ပဲနဲ့ ရဲတွေ မီးသတ်တွေ SB တွေ အစောင့်အရှောက်နဲ့ ဒီပွဲကို လုပ်ခဲ့တာ လို့ သိရပါတယ်။

သူတို့ လူ့ဘောင်သစ်မှာ အရင်ကလူ့ဘောင်သစ် က ဘက်ပြောင်း လာတဲ့ (ဖောက်ပြန်ရေး သမား) ဇင်အောင် ဆိုတဲ့ သူက ဦးဆောင်ပြီး လုပ်တာပါ ဇင်အောင်နဲ့ 88 က အေးလွင်နဲ့ ပါတနာ ဖြစ်ပြီး ဖေါက်ပြန်ရေး သမား ဖြစ်ကြောင်း ဇင်အောင်က အခု သန်လျင် ကတောင် မပြန်တော့ဘူး သန်လျင်က ပါကြီး ဆိုသူ အမှု ပွဲစားနဲ့ ချိတ်ပြီး လှုပ်ရှားနေတာ ပါကြီး နာမည် အရင်းကိုတော့ တိတိကျကျ မသိရ သေးပါဘူး။ ပါကြီး ဆိုသူရဲ့ အိမ်လိပ်စာ ကတော့ အိမ်နံပါတ် စုံစမ်းဆဲ၊ နေတာက ဗိုလ်ချုပ် ကျေးရွာ သဲတန်းပိုင်း၊ သန်လျင် မြို့နယ် ဖြစ်ပါတယ်။

ကျင်းပတဲ့ အဲဒီပွဲကို လာကြတဲ့ လူတွေကို သူတို့ ပါတီရဲ့ ကဒ်တွေ လုပ်ပေးတယ်၊ ပါတီ ၀င်ရင် တယောက်ကို ငါးထောင် ပေးပါတယ်။ အများအားဖြင့် အခမ်းအနားကို တက်ရောက်လာ သူတွေက သန်လျင်က ဆိုင်ကယ် ကယ်ရီသမားတွေ ဆိုက်ကား သမားတွေနဲ့ ရပ်ကွက် ထဲက အလုပ်လက်မဲ့ အချို့ လာရောက်ခဲ့ တာလို့ အဲဒီပွဲကနေ ပြန်လာတဲ့ ဆိုက်ကား ဆရာက ပြောပြတယ် ၊ “ ဒီနေ့ မနက် ဂိတ်မှာ လူစုပြီး သွားကြတယ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ ပွဲပေါ့ လူထု သဘောထား ထောက်ခံ ပေးရမယ် လို့ ပြောလို့ရယ် (၅၀၀၀) စီ ရမယ် ဆိုတာလဲ ပါတယ်ဗျာ အဲ့ဒါကြောင့် သွားလိုက်တာ ပါ ” ဒီ အခမ်းအနားမှာ သတင်းပေး အမှုပွဲစား ပါကြီး ဆိုသူကလဲ လူများကို ရှာဖွေ စည်းရုံး ပေးထားကြောင်း သိရပါတယ်။

အဲဒီ အခမ်းအနားကို နယ်မြေ ရဲတွေ ကိုယ်တိုင် ဦးဆောင်ပြီး စောင့်ရှောက် ပေးခဲ့တယ်၊ ထို့အပြင် သန်လျင် (SB) ရဲထောက် လှမ်းရေး ( ၂ ) ဦးက အဓိက စီစဉ်ပေးတယ် လုံခြုံရေးက အစသူတို့ ကြီးကြပ် ပေးနေတာ တွေ့ရတယ်။

အဲဒီ နှစ်ဦးထဲက ( SB ) တစ်ဦးရဲ့ အမည် နဲ့ လိပ်စာ ကတော့ အမှတ် 31 ဟံသာဝတိလမ်း မြို့သစ်အရှေ့ အောင်လင်းဥိး သန်လျင် SB ပဲဖြစ်ပါတယ်။ အဲဒီ ထောက်လှမ်းရေး ရဲ့ အိမ်လိပ်စာ အတိအကျပါ။

ဒီအခမ်းအနား ပွဲမကျင်းပခင် ရက် တပတ်ခန့်က သန်လျင်က မြို့မတောင် ရပ်ကွက် ထဲမှာ သတင်းပေး ပါကြီးရယ် ကိုဇင်အောင်ရယ် ဦးဆောင်တဲ့ အဖွဲ့ က(လူ ရှစ်ယောက် လောက် ရှိတယ်) တအိမ်တက် တအိမ်ဆင်း စည်းရုံးရေး လုပ်ကြပါတယ်။ ပြီးတော့ မှ ဒီပွဲကို လုပ်တာ ကိုဇင်အောင့် သားက ကျောင်းသား ( နိုင်ငံရေး ) အမှုတစ်ခုနဲ့ အခုထောင်ထဲ မှာ အနှစ် နှစ်ဆယ် ကျနေပါတယ် ။ ဘယ်အဖွဲ့ ကလဲ မသိရသေးပဲ လှုပ်ရှားမှု တခုမှာ ကျသွားတာလို့  ကြားသိ ရပါတယ် နာမည် နဲ့ သူရှိနေတဲ့ ထောင်ကိုတော့ စုံစမ်းဆဲပါ ။

ကိုဇင်အောင်တို့ လူ့ဘောင်သစ် ( မြန်မာပြည် ) က သူတွေက တသီး ပုဂ္ဂလ ကိုယ်စားလှယ် လောင်း နက်ဝေါ့ နဲ့ မဟာမိတ် လုပ်ထားပြီး (၀ါဒ) ဖြန့် နေကြောင်း ၊ အဲဒီ တသီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်း နက်ဝေါ့ ကို ဦးဆောင်ဖွဲ့တဲ့ လူက မှော်ဘီ မြို့နယ်က နေမျိုးဝေ ဆိုတဲ့ လူက သူ ဦးဆောင်ပြီး 2010 ရွေးကောက်ပွဲမှာ တသီး ပုဂ္ဂလ၀င် အရွေးခံမယ့် လူတွေကို အစု အဖွဲ့ လုပ်ပေးထားတာ နေမျိုးဝေ မှာ ဘလော့ တခု ရှိပါတယ် ။ သမိုင်းကြောင်းနဲ့ ခေတ် အဆက်ဆက်ကို မမှီလိုက် သူတွေ အတွက် အထူးသဖြင့် လူငယ် မျိုးဆက်သစ်တွေ အတွက် ဦးတည် ရေးသားပြီး လက်ညိုးထိုး နိုင်ငံရေး သမား လုပ်နေကြောင်း ကိုတွေ့ရပါတယ်။ အဲဒီ ၀က်ဆိုက် ကနေ အပြန်အလှန် အနေနဲ့ နေမျိုးဝေရဲ့ ဘလော့ မှာ ကိုဇင်အောင် နဲ့ ပါကြီး တို့ လူ့ ဘောင်သစ် ပါတီရဲ့ မူဝါဒတွေကို တင်ပေးတယ်။ သူတို့ မဟာမိတ် လုပ်ထားတဲ့ အတွက် လူ့ဘောင်သစ်ရဲ့ စည်းရုံးရေး ပွဲတွေမှာ နေမျိုးဝေတို့ တသီး ပုဂ္ဂလကို ၀င်ရောက် စည်းရုံးခွင့် အပြန်အလှန် ပေးနေကြတယ်လို့ သိရပါတယ်။

အထက်ပါ အကြောင်းအရာ များနှင့် ပါတ်သက်ပြီး အထူးသဖြင့် ပြည်တွင်းရှိ ပြည်သူများ အထင်မှားခြင်း နှင့် ထင်ရောင် ထင်မှား ဖြစ်ခြင်း၊ ကာလ အခြေအနေ အရ သူတို့ ကျင်းပရာ အခမ်းအနား များတွင် ဒေါ်စု ၏ အမည်ကို တတ်ပြီး ထင်ရောင် ထင်မှား လုပ်ခြင်း ၊ သူတို့၏ လူဘောင်သစ် ( မြန်မာနိုင်ငံ ) သည် တရားဝင် မဖွဲ့စည်း ရသေးပဲ စည်းရုံးရာတွင် သူက လူဘောင်သစ် ကပါ ၈၈ မျိုးဆက် ကျောင်းသား ဇင်အောင် ပါဟု အသုံးပြုနေခြင်း တို့ကို အထူး သတိပြုရန်နှင့် ၎င်းတို့သည် စစ်အာဏာရှင်၏ လက်ပါးစေ ( သို့တည်း မဟုတ် ) မျှော်လင့်ချက် တစ်ခုခုဖြင့် နအဖ ရဲ့ ပြည်သူကို အာဏာရှင် အောက် ပြန်လည် သွတ်သွင်းရေး စီမံချက်ဖြင့် ရေးစွဲထားသော တရား မျှတခြင်း လုံးဝမရှိသည့် အပြင် ပြည်သူ ကိုယ်စားလှယ် မပါ လက်ညိုးထောင် ခေါင်းညွတ် တွေနဲ့ စစ်အာဏာရှင် အလိုကျ ရေးဆွဲပြီး ချမှတ် ထားတဲ့ ၂၀၀၈ အခြေခံ ဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကို ပြည်သူကို လိမ်ညာပြီး မဲ မဆွယ်ကြရေး ဒီနေ့ အချိန်မှာ ရွှေဂုံတိုင် ကြေငြာချက်ပါ အချက်တွေကို ပြုပြင် ပြောင်းလဲပြီးမှ ဒီရွေးကောက်ပွဲ ကိစ္စကို စဉ်းစားရမှာ ဖြစ်တဲ့ အတွက် ပြည်သူကို မိမိ မိသားတစ်စု မိမိ မသေခင် အမတ်တစ်ဦး ဖြစ်ဘူး ယုံလောက်နဲ့ ပြည်သူတွေကို စစ်အာဏာရှင်ရဲ့ စနစ်အောက်ကို ပြန်မပို့ ကြပါနဲ့လို့ တိုက်တွန်း လိုကြောင်း ၊ လူဘောင်သစ် ( ပြည်ပ ) အနေနဲ့လည်း ဒီကိစ္စမှာ လူဘောင်သစ် အမည် တပ်ခြင်း ခံရခြင်းက တစ်ကြောင်း၊ နောက်တစ်ချက် အနေနဲ့က လူဘောင်သစ်ရဲ့ ရွှေဂုံတိုင် ကြေငြာ စာတမ်းပါ အချက်အလက်တွေ မပြုပြင် သမျှ ၂၀၁၀ ကို ကန့်ကွက် ကြလို့ ပြောတဲ့ အပေါ် အားပြိုင်မှု တစ်ခု လဲ ဖြစ်မယ်လို့ ထင်တယ် ( ဒါက လွတ်လပ်စွာ အမြင်ပါ တစ်ဦးတည်းရဲ့အမြင်ပါ )

ပြည်တွင်း ပြည်ပ မီဒီယာတွေနဲ့ ပြည်တွင်း လက်ရှိ အနေအထား အရ ၈၈ ကို မမှီ လိုက်သူ တွေဟာ ယနေ့ အသက် ( ၂၀ ) ကျော် နေပါပြီ ၊ ဒီ မျိုးဆက်သစ် တွေကို ပြည်တွင်းက ဖောက်ပြန်ရေး သမား တွေက သူတို့ကို သူတို့ ၈၈ ပါ လူဘောင်သစ်ပါ ဆိုပြီး သူတို့ လိုရာ ၀ါဒ မှိုင်းတိုက် နေတာတွေလည်း တွေ့ရပါတယ် ။ ဥပမာ (နေမျိုးဝေ) လို ဟာမျိုးတွေ ပြန်ရှင်းနေဖို့ မလိုပေမယ့် သတိ ထားရမယ် ၊ ပြင်ဆင် သင့်တာတွေကို မကြာခင်မှာ ၂၀၁၀ အတွက် အရာရာ ပြင်ဆင်နိုင်ဖို့ ပြည်သူ တစ်ရပ်လုံး ကလည်း ( မိမိဘ၀ မိမိ ရှာဖွေထားတဲ့ ပစ္စည်း နောက်ဆုံး မိမိနဲ့ မိမိ ပါတ်ဝန်းကျင် အတွက် ဘယ်လိုမှ အာမခံချက် မရှိနိုင်တဲ့ ၂၀၀၈ ဥပဒေ ကို ကန့်ကွက်ကြဖို့ အလေးအနက် စဉ်းစားကြပါ စိတ်ကူးယဉ်ခြင်းသည် စိတ်ကူးသာ ဖြစ်ပြီး လက်တွေ့မှာ အာဏာရှင် ဟာ ထင်ထားသလို မဟုတ် သူ အာဏာ ဘက်က ရပ်မည်မှ အပ အခြားမရှိ သောကြောင့် ) ဒီ ၂၀၁၀ ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွှေဂုံတိုင် ကြေငြာ စာတမ်းနှင့် အတူ တကွ ရပ်တည် လိုက်ကြပါစို့လို့ တင်ပြလိုက်ပါတယ်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form