အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု သတင်းပေးပို့ခြင်း

ဓါတ်ပုံများပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။
အထက် ဗမာပြည် ကျောင်းသား သမဂ္ဂမှ အမျိုးသား လွတ်မြောက်ရေး ဆောင်ရွက်မှု အနေဖြင့် ရန်ကုန် ၊ မန္တလေး ၊ ပြင်ဦးလွင် ၊ တောင်ကြီး ၊ လားရှိုးစသော မြို့များတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ် အောင်ဆန်း ပုံပါ ပို့စကဒ် များအား ကျောင်းများ ၊ ကားဂိတ် များတွင် လိုက်လံ ကပ်သည့် လှုပ်ရှားမှုအား ပြုလုပ် ခဲ့ပါသည်။

ထိုသို့ လှုပ်ရှားမှု ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဒေါ်ဆောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ၊ နိုင်ငံ တ၀ှမ်း သမဂ္ဂများ ပေါ်ပေါက်ရေး ၊ ပြည်သူ့ အစိုးရ တရပ် ပေါ်ပေါက်ရေး နှင့် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု အောင်မြင်ရေးတို့ ဖြစ်ပါသည်။

ထိုရည်ရွယ်ချက်များ အတိုင်း ကျွန်တော်တို့ အထက် ဗမာပြည် ကျောင်းသား သမဂ္ဂမှ အောင်မြင်သည် အထိ ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုများ နှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက် များကို သိရှိလိုပါက ကိုသန်းနိုင် ၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ၊ UBST.BURMA@GMAIL.COM သို့ ဆက်သွယ် နိုင်ပါသည်။

“ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု အောင်ရမည် ”

နိုင်ငံရေး လှုပ်ရှားမှု အဖွဲ့
အထက်ဗမာပြည် ကျောင်းသား သမဂ္ဂ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form