ရန်ကုန်မြို့ ကံဆောင်ပွဲ အောင်မြင်စွာ ကျင်းပ ပြီးစီး

၂-၁၀-၀၉ ရက်နေ့ ည ၈ နာရီတွင် ပဝါယဏာပွဲအတွက် အာဏာပိုင်များမှ ကျောင်းတိုက် အသီးသီးရှိ ကျောင်းထိုင် ဘုန်းတော်ကြီး များအား ပဝါယဏာပြုရာ တွင် အာဏာပိုင်များမှ သိမ်များ ကို မိမိတို့ရွေးချယ် ထားပြီးဖြစ်ကြောင်း လှူဖွယ် ပစ္စည်းများကိုလည်း မိမိတို့မှ သေချာ စီစဉ်ထားပြီး ဖြစ်ကြောင်း ထို့ကြောင့် မိမိတို့ အစီအစဉ်များကို မလိုက်နာတဲ့ သံဃာတော်များအား တည်ဆဲ ဥပဒေ အရ ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်းများ လိုက်လံ ပြောဆို နေပါသည်။

ထို့အတွက်ကြောင့် မိမိတို့ သံဃာ့ တပ်ပေါင်းစု (အဖွဲ့ခွဲ) မှ အဖွဲ့ဝင် သံဃာတော် များသည် လှိုင်သာယာ မြို့နယ်တွင် ကျောင်းတိုက် တတိုက် သံဃာ အင်အား ၁၂ ပါးနှင့် ကျောင်း သုံးကျောင်း၊ ထန်းတပင် မြို့နယ် ရွာတရွာတွင် သံဃာ အင်အား (၉) ပါးနှင့် ကျောင်း တကျောင်း၊ လှိုင်မြို့နယ် ရပ်ကွက် ၃ ခု ကျောင်းတိုက် (၂) တိုက်တွင် သံဃာတော် အင်အား(၁၁) ပါး၊ မရမ်းကုန်းမြို့နယ် ကျောင်းတိုက်(၃)ခု သံဃာတော် အင်အား ၁၁ ပါးနှင့် အင်းစိန်မြို့နယ် ကျောင်းတိုက် (၅) တိုက် တွင် သံဃာတော် အင်အား ၁၃ ပါးစီ တို့သည် တတိယအကြိမ် ပတ္တနိက္ကုဇန ကံဆောင်ပွဲအား အောင်မြင်စွာ ကျင်းပ ပြုလုပ် လှုပ်ရှား ခဲ့ကြပါသည်။

ဝေါမြို့နယ်မှ ဘာသတင်းမှ မပို့သေးပါ။

အထက်ပါ သံဃာတော်များမှ ဦးဆောင်ပြီး လမ်းပေါ်ထွက် ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ရာ ကျောင်းတိုက် အတွင်းနှင့် အပြင်များ၊ နေရာ တော်တော် များများ တို့တွင် အာဏာပိုင်၊ ကြံ့ခိုင်ရေး၊ စွမ်းအားရှင်များ မှ မိမိ အင်အား ထက် များစွာ တည်ရှိ နေခြင်းကြောင့် မထွက် ဖြစ်ခဲ့ပါ၊

မည်သို့ ဆက်လက် လှုပ်ရှား ရမည်ကို အကြောင်းပြန် ပေးပါရန် ဦးတိုက် လျှောက်ထား အပ်ပါသည် ဘုရား။

အားကိုး လေးစားစွာဖြင့်

သံဃာ့ တပ်ပေါင်းစု အဖွဲ့ခွဲ ကိုယ်စားလှယ်များ

ဦးဝေပုလ္လ
ဦးနန္ဒစရိယ
ဦးကုသလ
ဦးခေမာသီရိ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form