ပိုက်ဆံ အသစ် ဆင်ဖြူတော် ပေါ်မှ လင်းတ(လဒ) နှင့် လိပ်

နအဖရဲ့ ငွေစက္ကူ အသစ်ဖြစ်တဲ့ ကျပ် ၅၀၀၀ တန်မှာ ထည့်သွင်း ဖေါ်ပြထားတဲ့ ဆင်ဖြူတော် ပုံမှာ အခြား တိရိစ္ဆာန်ပုံ နှစ်ပုံ ပါနေတာကို တွေ့ရှိ ကြရတယ်လို့ အဆိုပါ ငွေစက္ကူ စတင်ထွက်တဲ့ နေ့မှာပဲ ပြည်သူတွေ အကြားမှာ ပြောဆို သံတွေ ထွက်ပေါ်လာကြောင်း သိရှိ ရပါတယ်။

အဆိုပါ အခြား တိရိစ္ဆာန်ပုံ နှစ်ပုံ ကတော့ လင်းတ (လဒ) နဲ့ လိပ် ဖြစ်တယ်လို့ ဆိုကြ ပါတယ်။ ဆင်ဖြူတော်ပုံရဲ့ ကျောကုံး ပေါ်မှာ လင်းတ (လဒ) ရှိ နေပြီး၊ ဆင်ဖြူတော်ပုံရဲ့ ဦးခေါင်းထိပ်မှာ လိပ် ရှိနေတာ တွေ့ရ ပါတယ်။

အောက် ဖေါ်ပြပါ ပုံပေါ်မှာ mouse click လုပ်ပြီး ပုံကို အကျယ်ချဲ့ပြီး သေသေ ချာချာသာ ကြည့်ကြည့်ပါ (သို့) ကျပ် ၅၀၀၀ တန် ငွေစက္ကူ အသစ် လက်ဝယ် ရခဲ့လို့ ရှိရင် မှန်ဘီလူးနဲ့သာ ကြည့်ကြည့်ပါ။
ဆင်ဖြူတော် ပုံရဲ့ ကျောကုံး ပေါ်မှာ လင်းတ (လဒ) ကတော့ ဘုရင်ရူး ရူးနေတဲ့ (ဆင်ဖြူတော်ရှင် မင်းတရားကြီး အဖြစ် ရူးနေတဲ့) နအဖ ခေါင်းဆောင်ကြီး သန်းရွှေလို့ ဆိုရ မလို၊ ဆင်ဖြူတော်ပုံရဲ့ ဦးခေါင်းထိပ်က လိပ် ကတော့ နအဖ အာဏာရူးကြီး သန်းရွှေ အလိုကျအောင် ၀ိုင်းဝန်း မြှောက်စားပြီး ကိုယ်ကျိုး အတွက်သာ ကြည့်ပြီး ကိုယ့်ဘက်ကိုယ် ယက်နေကြသော လိပ်များ ဖြစ်ကြတဲ့ နအဖ အုပ်စုများ ဖြစ်ကြ တယ်လို့ ညွှန်းပြ နေသလို ပါဘဲ။

နအဖ ခေါင်းဆောင်ကြီး သန်းရွှေနဲ့ နအဖ အုပ်စုတွေ ကိုယ့်ကိုကိုယ် ဖေါ်ပြနေ (၀ါ) ကိုယ်ပုံကို ကိုယ်တိုင် ဖေါ်ပြ လိုက်တာ များလား။

ဆင်ပေါ် လင်းတ (လဒ) တက် တိုင်းပြည်ပျက်၊ ဆင်ပေါ် လိပ်ထိုင် တိုင်းပြည် ယိုင်တာ နှစ်ပေါင်း ကြာပါပြီပကော။

နစ်နေးမန်း

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form