မဏ္ဍပ် စစ်ဆေးရေး အဖွဲ့ ရန်ကုန်မြို့တွင်း မဏ္ဍပ်များကို လိုက်စစ်

ယူကွန် |

စည် ပင် ယာ-အုံ(အင်ဂျင်နီယာဌာန အဆောက်အအုံ) က ရန်ကုန်မြို့တွင်းရှိ အတာ သင်္ကြန် ရေပက် မဏ္ဍပ်များကို လိုက်လံ စစ်ဆေးသည့် အခါ မဏ္ဍပ် တာဝန်ခံများက မဏ္ဍပ် တစ်ခုစီလျှင် ကျပ်ငါးသောင်းခန့် လက်ဖက်ရည်ဖိုး ခေါ်စစ်ဆေးခ ပေးရသည်ဟု သိရသည်။

ယာ-အုံ ဌာနမှ ခွင့်ပြုချက်ရမှ ရေပိုက် သွယ်တန်း ခွင့်ရမည့် အတွက် မဏ္ဍပ် တာဝန်ခံများက မပေးမဖြစ် ပေးရသည်ဟု သိရသည်။ အင်းလျှားလမ်းတွင် မဏ္ဍပ် ဆောက်လုပ်နေသူ တစ်ဦးက“မပေးလို့ မရဘူးလေ သူတို့ ရစ်ထားရင် ရေသွယ်လို့ မရဘူး လက်ဖက်ရည်ဖိုး ပေးလိုက်ရင်တော့ ဘာပြဿနာမှ မရှိတော့ဘူး ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် ပြီးတော့ မဏ္ဍပ် အောက်မှာ ရေမ၀ပ်စေနဲ့လို့ ပြောသွားတယ် ဒီလောက်ပဲ” ဟု Freedom News Group သို့ ပြောသည်။

စည်ပင် ယာ-အုံ ကဲ့သို့ပင် နောက်ထပ် မဏ္ဍပ် စစ်ဆေးရေး အဖွဲ့ တစ်ခုမှာ ယခုနှစ်မှ စတင်ဖွဲ့စည်းသည့် အဖွဲ့ ဖြစ်ပြီး မဏ္ဍပ်များတွင် နိုင်ငံရေး သရုပ်ဖေါ်ပုံ ပါမပါ နှင့် မြန်မာ့ ရိုးရာယဉ်ကျေးမှု နှင့် ကိုက်ညီခြင်းရှိ မရှိ တို့ ကို စစ်ဆေးခြင်းဖြစ်သည်။

“သူတို့ အဖွဲ့ တွေက မဏ္ဍပ် တွေ မှာ မှုတ်ဆေး ဗူးတွေ နဲ့ ဂရပ်ဖီတီ မှုတ်ထားရင် ပြန်ဖျက် ခိုင်းတယ်။ သူတို့ ပြန်သွားတော့လည်း ပြန်မှုတ်တာပဲ ” ဟု လူငယ် တစ်ယောက်က ပြောသည်။

၂၀၀၆ ခုနှစ် အင်းလျှားလမ်းတွင် မဏ္ဍပ်ပြိုကျရာမှ နောက်နှစ်များတွင် စစ်ဆေးရေး အဖွဲ့ များပေါ်လာခြင်း ဖြစ်သည်။

source by : http://longwalktofreedom.wordpress.com/

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form