ယူကွန် |
ချောင်းသာတွင် ရှိနေသော နောက်ပြန် ဆွဲလှိုင်း (Rip Tide)များကို အပန်းဖြေသူများ သတိပြုသင့် မနှစ်က တိုက်ခတ်သွားသော ဆိုင်ကလုန်း နာဂစ် မုန်တိုင်း ဒဏ်ကြောင့် သင်္ကြန်ကာလ အတွင်း ဧရာဝတီတိုင်းရှိ ချောင်းသာ ငွေဆောင် သို့ သွားရောက်မည့် သူများ နည်းပါးရသည့် အထဲ ဂျာနယ်များက ဧပြီလ လယ်လောက် မှာပင် ဘင်္ဂလား ပင်လယ်အော်၌ လေဖိအားနည်း ရပ်ဝန်းအစပျိုးနေသည် ဆိုသည့် သတင်းကြောင့် သွားရောက်ရန် စီစဉ်ပြီးထား သူများပင် ခရီးစဉ် ဖျက်သိမ်းသွားကြောင်း သိရှိရသည်။
ချောင်းသာကမ်းခြေတွင်ဟိုတယ်ဖွင့်လှစ်ထားသူတစ်ဦးက“ဂျာနယ်တွေမှာ လေမုန်တိုင်း သတိပေးချက် လိုလို ဧပြီလ လယ်လောက် ကတည်းက ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းအစပျိုး နေတတ်တယ် ဘာညာနဲ့ ရေးထားတော့ ဘွတ်ကင် လုပ်ထား သူတွေတောင် အဲဒီသတင်း ဘွတ်ကင် ပြန်ဖျက်သွားတယ်” လို့ Freedom News Group သို့ ပြောသည်။
ငွေဆောင်ကမ်းခြေရှိ နာမည်ကြီး ဟိုတယ် တစ်ခု ၏ မန်နေဂျာဖြစ်သူကလည်း “ကျွန်တော် တို့ ကနာဂစ်ဖြစ်ပြီးတည်းက ဘာမှ လုပ်စားလို့ မရဘူး ဒီရာသီလေးကို အားပြုထားတာ အခု သူတို့က လျှောက်ရေးတော့ ဧည့်သည်တွေက လန့်ကုန်ပြီး မလာတော့ ဘူးဟုဆိုသည်။
နှစ်စဉ် နှစ်တိုင်း ၀န်ထမ်းများအား ချောင်းသာ အပန်းဖြေခရီး လိုက်ပို့ ပေးလေ့ရှိသည့် ရန်ကုန်မြို့ မှဂျာနယ်တိုက် တစ်ခုမှ ထုတ်ဝေသူ တစ်ဦးကလည်း “ဒီနှစ်တော့ ကလေးတွေကို ရန်ကုန်မှာလည်ဖို့ပဲ စီစဉ်ပေးထားတယ် မိုးနဲ့ နွားသိုးဆိုတာ အစိုးမရဘူး”ဟုဆိုသည်။
၂၀၀၆ ခုနှစ်ကတိုက်ခတ်ခဲ့သည့် တိုက်ခတ်ခဲ့သည့် မာလာမုန်တိုင်းကြောင့် ချောင်းသာ နှင့် ငွေဆောင်တွင် လူ အသေအပျောက် ရှိခဲ့သည်။ နောက်ပြန်ဆွဲလှိုင်း Rip Tide ကြောင့်လည်း ထိုကမ်းခြေ များတွင် နှစ်စဉ် လူသေမှုများရှိသည်။
source by : http://longwalktofreedom.wordpress.com/

Tags
သတင်း