လုပ်စားခေါင်းဆောင်များ

မြန်မာပြည် လွတ်မြေက်ရေးအတွက်
မြန်မာပြည်သူ ကယ်တင်ရေး အတွက်
မြန်မာပြည် လွတ်မြေက်ရေး အတွက်
စကားတွေများများပြော ၊ ပြောလည်း မကုန်နိုင်
အကောင်းဆုံး ဟိတ်ဟန် ထုတ်နိုင်သူသာ
လူတွေအပေါ် ခွစီးမယ့် ခေါင်းဆောင်တွေ ဖြစ်လာတယ်
မှားလို့ မှားမှန်းမသိ အပြုံးပီတိနဲ့ 
နောက်လိုက်ကောင်းတွေရဲ့ မျှော်လင့်လင်ချက်
တနေ့ ဗမာပြည်လွတ်လပ်ရေးရနိုး
ဒီလို အခေါင်းသာပါတဲ့ ခေါင်းဆောင်မျိုးကိုမျှော်ကိုးနေကြ
ဆံသာဖြုသွားပေမယ့် ဒီလူက စားကောင်း သောက်ကောင်းတုန်း။

ကြည့်ကြစမ်းပါဗျာ သတ္တိရှိတဲ့ လမ်းပြကောင်းတွေ
ခေါင်းဆောင်မဟုတ်ကြပေမယ့် ....
ထောင်ထဲမှာ
လက်ချိုးရေတွက်လည်းရတယ်။

အပြင်ကလုပ်စားနေတဲ့ ခေါင်းဆောင်များ
သူတို့ အစား အရှက်တရားရတတ်မယ်ဆိုရင်
ဗမာပြည်ကိုလည်းရောင်းမစားပါနဲ့ ဗျာ
ပြည်သူတွေ ကိုလည်းချမရောင်းပါနဲ့ 
ခင်းဗျားတို့ ဗြောက်သောက်အဖွဲ့ အစည်းတွေ
ပြည်သူတွေနှင့်အတူ စိတ်ညှစ်နေပါကြောင်း။

ဒေါင်းတမာန်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form