မြ၀တီ ရုပ်သံတွင် ပါရန် အတွက် သင်္ကြန် ယိမ်းအဖွဲ့ များလာဘ်ထိုးရ

၂၀၀၉ ခုနှစ်ထရိတ်ဒါး ဟိုတယ် ယိမ်းအဖွဲ့ 
၂၀၀၉ ခုနှစ်ထရိတ်ဒါး ဟိုတယ် ယိမ်းအဖွဲ့ 
ညွန့်သက်ထားဦး | စစ်တပ်မှ လွှင့်ထုတ်သော မြ၀တီ ရုပ်သံလွှင့်ထုတ်မှုတွင် ပါရန်အတွက် သင်္ကြန်ယိမ်း အဖွဲ့များမှာ လာဘ်ထိုးမှ ထုတ်လွှင့်ပေးသည် ဟုသိရသည်။ထိုသို့ လာဘ်ပေးမှ လွှင့်ထုတ်မှုတွင် တစ်ဦးချင်းနှင့် ပုဂ္ဂလိက၊ကုမ္ပဏီ အဖွဲ့ အစည်းများသာမက ၀န်ကြီးဌာန များက ပါလာဘ်ပေးရသည် ဟုသိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မှ သင်္ကြန်ယိမ်းအဖွဲ့ တစ်ခု၏ခေါင်းဆောင် ဖြစ်သူက “ကျွန်မတို့ ယိမ်းသွားက ပြီးတော့ စတူဒီယို က ဘာပြောသလဲ ဆိုတော့ အချိန်ကောင်း ပါခြင်ရင် တစ်သိန်း ပေးရမယ်လို့ တောင်းတယ် ။ဒါတောင် အစိုးရ ဌာန မို့လို့တဲ့ ကျန်တဲ့ ဌာနတွေ ဆို မရဘူးလို့ ပြောတယ်” ဟု Freedom News Group သို့ ပြောသည်။

တခြားကုမ္ပဏီ နှင့် ငွေကြေး တတ်နိုင်သူ၏ သားသမီးများမှ အဆိုတော် နှင့် အနုပညာရှင်များကို သီဆိုခိုင်း၍ ကကြသည့် တစ်ပုဒ်စာ ထုတ်လွှင့်ချိန် အတွက်ဆိုလျှင် ကျပ်ငွေ ဆယ်သိန်းမှ ဆယ့်ငါးသိန်း ထိယူကြောင်း သိရသည်။

မြ၀တီ ရုပ်သံဌာန မှ စစ်တပ်အရာရှိများနှင့် ရင်းနှီးသော ဘီယာစတေရှင်များမှ အဆိုတော်များကမူ အလကား သီဆို ခွင့်ရသည်။

မြ၀တီ ရုပ်သံသည် ပြီးခဲ့သည့် အပတ်က ၁၄ နှစ်ပြည့် ပြီဟု ကြေငြာခဲ့သည်။ မြ၀တီ ရုပ်သံသည် ပြည်တွင်းရုပ်သံ လိုင်းများတွင် ကြော်ငြာခ ဈေးအကြီးဆုံး ဖြစ်ပြီး မြန်မာ့ ရုပ်မြင်သံကြား ထက်အခွင့်အရေးပို ရသည်။

source by : http://longwalktofreedom.wordpress.com/

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form