ဆယ်တန်းမဖြေဆိုသူကျောင်းသား စာရင်းကို ခေါင်းလောင်းထိုးပြီး နောက် စာရင်းကောက်၍ ကျောင်းအုပ်ကြီးက ထောက်လှမ်းရေးဆီသတင်းပို့ ရ

တင်ကျော်ကျော်စိုး / ယူကွန် | ကျောင်းသားများကို ချောဆွဲထားသော ကားများဖြင့် အိမ်တိုင် ရာရောက် လိုက်လံ ပို့ဆောင်ပေး၊၊ ခိုးချသော်လည်း မျက်နှာလွှဲနေရ၊ စာမေးပွဲ လာစောင့်သော ကျောင်းသား မိဘများ ကြားတွင် အမှတ် ၂၀ရရင် အောင်ပြီဟု ကောလဟာလဖြစ် အခြေခံပညာ အထက်တန်း အဆင့် စာမေးပွဲများကို ယနေ့ မနက် ၉း၀၀ ထိုးမှစ၍ တစ်နိုင်ငံလုံးတွင် စတင်စစ်ဆေးရာ် စာမေးပွဲသို့ လာရောက်ဖြေဆိုခြင်း မပြုသည့် ကျောင်းသားများကို သက်ဆိုင်ရာ အခန်းစောင့် ဆရာမမှ စာရင်းကောက်ပြီး ခုံအမှတ်၊နာမည်၊ကျောင်း၊လိပ်စာတို့ နှင့် တိုက်ကာ ကျောင်းအုပ်ကြီးမှ တစ်ဆင့် အသင့်စောင့်နေသော ထောက်လှမ်းရေးဆီ အစီရင်ခံရသည် ဟုသိရသည်။

ယခင်က စာမေးပွဲဖြေဆိုရန် ပျက်ကွက်သူများ၏ စာရင်းများကိုကို သက်ဆိုင်ရာကျောင်း (သို့ မဟုတ်)မြို့နယ် ပညာရေးမှုးရုံးများ သို့သာ ပေးရသော်လည်း ယခုနှစ်တွင် သက်ဆိုင်ရာ နယ်မြေခံ ထောက်လှမ်းရေးသို့ ပေးရသည်။

“မနက်ကျောင်းကိုလာတော့ ဆရာကြီးကညွှန်ကြားထားတာ ခေါင်းလောင်းထိုးပြီးတာနဲ့ ၁၅မိနစ် အတွင်း မဖြေဆိုသူ စာရင်းကို သက်ဆိုင်ရာအခန်းစောင့်ဆရာမ က စာရင်းကောက်ပြီး ကြီးကြပ်ရေးမှုးဆီပို့ ရတယ်။ အရင် က အေးအေးဆေးဆေး ကောက်ပြီးမှ သက်ဆိုင်ရာ ကျောင်းကို လွှဲရုံပဲ။ အခု ပိုအလုပ်ရှုပ်သွားတယ်။ မေးခွန်းလည်း ဝေနေရ သေးတယ်။ မေးခွန်းလွှာလည်း ရှင်းပြရ သေးတယ်။ စာရင်းကလဲ တက်သုတ်ရိုက် ကောက်ရတယ်ဆိုတော့”ဟု မြောက်ဥက္ကလာ အထက်တန်းကျောင်းမှ ဆရာမတစ်ဦး က Freedom News Group သို့ပြောသည်။

စာမေးပွဲ လာရောက်ဖြေဆိုသော ကျောင်းသားများနှင့် ပတ်သက်၍ “အခန်းဝမှာလည်း ရှာတာသိပ်မရှိဘူး ဆရာမ သဘောကောင်းလို့ ပဲလားတော့မသိဘူး အခန်းထဲကလူတွေတော့ ခိုးချလို့ ရတယ်”ဟု အထက ၂ ဒဂုံမှကျောင်းသားတစ်ဦးကပြောသည်။ ကျွန်မတို့လဲ ကျောင်းသားတွေရဲ့ အခက်အခဲကိုသိနေတော့ သူတို့ ခိုးချနေတာ သိတာတောင် ဘယ်လာ သိမ်းရက်မလဲ။ မျက်နှာလွှဲပြီး နေလိုက် ရတာပေါ့ လွန်လာရင်တော့ အဟမ်း..အဟမ်းဆိုပြီး ချောင်းဆိုးသံလေးပေးလိုက်ရတာပေါ့”ဟု အခန်းစောင့် ဆရာမတစ်ဦးက ပြောသည်။

အထက ၁ မြောက်ဒဂုံတွင် စာမေးပွဲဖြေဆိုပြီးပြန်လာသည့် ကျောင်းသားတစ်ဦးကလည်း “လွတ်လွတ်လပ်လပ် ပဲ စာမေးပွဲခန်းထဲကို ၀င်ကတည်း ကရှာတောင်မရှာဘူး” ဟုဆိုသည်။ ထိုသို့ ကျောင်းသားများလွတ်လွတ်လပ်လပ် စာကူးချခွင့်ရသည့် ကိစ္စနှင့်ပတ်သက်၍ အထက ၁ လသာမှဆရာမတစ်ဦးကို အာဏာပိုင်များ က ထိုသို့ ညွှန်ကြားထား သလားဟု မေးကြည့်ရာ “အဲလို ညွန်ကြား ထားတယ် လို့တော့ မကြားမိဘူး ။ ကျွန် မကတော့ ကိုယ့်ခလေးတွေခံစားရတာကို သိတယ်လေ အောင်စေချင်လို့ အသာလွှတ် ပေးထားတာ” ဟုပြောသည်။

စာမေးပွဲဖြေဆိုအပြီးတွင်မူ ကျောင်းသားများကို အိမ်တိုင်ရာရောက် ချောဆွဲထားသော ကားများဖြင့် မြောက်ဥက္ကလာ တွင်လိုက်ပို့ သည် ဟုသိရသည်။စာမေးပွဲမဖြေဆိုသော ကျောင်းသားများ၏ စာရင်းကို ထောက်လှမ်းရေးမှ မည်သို့ ကိုင်တွယ်မည်ကို မသိရသေးချေ။

source by : http://longwalktofreedom.wordpress.com/

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form