မြောက်ကိုရီးယားစစ်တပ်အား စစ်ပွဲအတွက် တပ်လှန့်ထား

ပလက်နက် | မတ်လ(၉)ရက်နေ့တွင် မြောက်ကိုရီးယားအနေနှင့် ၎င်း၏စစ်တပ်များ အားလုံးကို တပ်လှန့် ထားလိုက်ကြောင်း သိရှိရသည်။ ကမ္ဘာ့စစ်လက်နက် အတောင့်တင်းဆုံး ကွန်မြူနစ်နိုင်ငံ တစ်နိုင်ငံ ဖြစ်သော မြောက်ကိုရီးယားသည် ၎င်းတို့လွှတ်တင်မည့် ဂြိုဟ်တုတစ်လုံးအတွက် ကန့်ကွက်မှု ပြုလုပ်သည့် မည်သည့် နိုင်ငံကို မဆို ထိပ်တိုက်တွေ့ရန် အသင့်ဖြစ်နေပြီဟု ဆိုသည်။ ထိုအခြေအနေသည် အမေရိကန်နှင့် တောင်ကိုရီးယား အစိုးရများအတွက် ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့ပြီး လွန်ခဲ့သော သီတင်းပါတ် အတွင်းက မြောက်ကိုရီးယား လေပိုင်နက်အနီးမှ ပျံသန်းသွားသော တောင်ကိုရီးယား ခရီးသည်တင် လေယာဉ် တစ်စင်းကို ပစ်ချမည်ဟု ပြုံယမ်းအစိုးရက ခြိမ်းခြောက်ခဲ့မှုအပြီး ဒုတိယမြောက် ရန်လိုသော အပြုအမူတစ်ခု ဖြစ်လာခဲ့သည်။ အမေရိကန်သမ္မတ အိုဘားမားသည် ရန်စောင်သည့်ဘက် ယိမ်းယိုင်လာသော မြောက်ကိုရီးယား၏ နိုင်ငံရေး ခံယူချက်အပေါ် သတိနှင့်စောင့်ကြည့်နေကြောင်း ၀ါရှင်တန် အစိုးရကလည်း ကြေညာခဲ့သည်။
(စစ်ရေးပြအခမ်းအနားတစ်ခုတွင် တွေ့ရသည့် မြောက်ကိုရီးယားစစ်သားများ)
မြောက်ကိုရီးယားသည် ဆက်သွယ်ရေးဂြိုဟ်တုတစ်လုံးကို အာကာသအတွင်း လွှတ်တင်မည်ဟု ကြေငြာထား ပြီးနောက် ထိုဂြိုဟ်တုကို အသုံးပြုပြီး ဒုံးကျည်လမ်းကြောင်းရှာ ပစ်ခတ်မှုများ ပြုလုပ်နိုင်သည်ဟု ပညာရှင်များက သုံးသပ်ခဲ့ကြသည်။ အမေရိကန်နှင့် ဂျပန်နိုင်ငံများက လိုအပ်လာလျင် မြောက်ကိုရီးယား၏ ဂြိုဟ်တု တင်ဆောင် သွားရာ ဒုံးပျံကို ၎င်းတို့အနေနှင့် ပစ်ချနိုင်စွမ်းရှိသည်ဟု ကြေညာခဲ့ရာမှ တင်းမာမှုများ အစပြုလာခြင်းဖြစ်သည်။ မြောက်ကိုရီးယား စစ်ဘက်ထိပ်တန်း အရာရှိတစ်ဦးက ၎င်းတို့၏ဒုံးပျံကို ပစ်ချခြင်းသည် ဒေသတွင်းငြိမ်းချမ်းမှုကို အဆုံးရှုံးခံလိုက်ခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း ခြိမ်းခြောက်စကားကို မတ်လ(၉)ရက်နေ့က ကိုရီးယား ဗဟိုသတင်း အေဂျင်စီမှ တဆင့် ခြိမ်းခြောက်ပြောဆိုသွားသည်။ မြောက်ကိုရီးယား၏ တင်းမာသော သဘောထား နှင့် စစ်တပ်များပြင်ဆင်မှုသည် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများအတွက် အတိမ်းစောင်း မခံသော အနေအထားသို့ ဦးတည်သွားစေခဲ့သည်။ ပညာရှင်များက မြောက်ကိုရီးယား၏ ဒုံးပျံသည် ဧပြီလ အစောပိုင်း လောက်တွင် အာကာသထဲသို့ လွှတ်တင်ရန် စီစဉ်ထားပြီးဖြစ်နိုင်ကြောင်း ခန့်မှန်း ထားကြသည်။

source by : http://www.planet.com.mm/news/read.cfm/id/12058

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form