ပန်းဆိုးတန်း လမ်းတွင် ညလုံးပေါက်ထမင်းကြော် နှင့် လဘက်ရည် ရောင်းချ နေသော ဆိုင်ပိုင်ရှင်တစ်ဦးက “အခုလေးတင်(ည ရး၀၀ ခန့် )က သူတို့ လာပြီး အကြောင်းကြား သွားတာ ၇း၀၀ နာရီဆို ဆိုင်ပိတ်ရမယ်တဲ့ ဆယ်တန်း စာမေးပွဲ ရှိလို့ တဲ့ ပြီးမှ မပိတ်တဲ့ ဆိုင်ကို အရေးယူမယ်တဲ့ စာမေးပွဲပြီးမှ ပြန်ဖွင့် ရမယ်တဲ့ ကျွန်မတို့ က ရဲကို လိုင်းကြေး တစ်လ ငါးသောင်း ပေးထားရတာ အခု ၁၀ ရက်ကျော် လောက်ဆိုင် ပိတ်ရမယ် ဆိုတော့ ဘယ်လို သွားကိုက်တော့ မလဲဟု” ပြောသည်။
မီးပျက်သောကြောင့် ဆယ်တန်း ကျောင်းသားများမှာ ညဘက်တွင် လက်ဖက်ရည်ဆိုင် များ၌ အချိန်ဖြုံး တတ်သည်။ စစ်အစိုးရက ဆယ်တန်း ကျောင်းသားများ လူစုမှာကြောက်၍ ယခုကဲ့သို့ ဆိုင်များ ပိတ်ခိုင်းခြင်း ဖြစ်သည်။ ယခုအခါတွင် ရပ်ကွက်တွင်းရှိ ကြံ့ဖွတ်များက ဆယ်တန်း ကျောင်းသားများကို မျက်စေ့ ဒေါက်ထောက် စောင့်ကြည့်နေသည်။
မနေ့ ညက သင်္ဃန်းကျွန်း EPC ကိုလည်း ဆယ်တန်းကျောင်းသားများစုရုံး၍မီးပေးဖို့ တောင်းဆို ခဲ့သေးသည်။ မြို့နယ် အာဏာပိုင် များက လက်ဘက်ရည်ဆိုင် ဘောပွဲပြရုံနှင့် ထမင်းကြော်ဆိုင်များ သာမက အရက်သေစာ နှင့် စားသောက်ဖွယ်ရာများ ရောင်းချသော ၁၉ လမ်းရှိ စားသောက်ဆိုင်များ ကိုလည်း ပိတ်ခိုင်းသည်ဟု သတင်း ရရှိသည်။
source by : http://longwalktofreedom.wordpress.com/