ပလက်နက် | ကမ္ဘာ့ရာသီဥတု ပူနွေးလာမှုကြောင့် တောင်အာရှဒေသတွင် နွေမုတ်သုံ ၀င်ရောက်မှုမှာ နောက်ဆယ်စုနှစ်တွင် ၅ ရက်မှ ၁၅ ရက်အထိ နောက်ကျ ဖွယ်ရှိပြီး အကျိုးဆက်အဖြစ် မုတ်သုံရာသီ လည်ပတ်မှုသည် အရှေ့ဘက်သို့ ရွေ့လျားသွားကာ အိန္ဒိယသမုဒ္ဒရာ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင် မိုးပိုမိုရွာသွန်းကာ ပါကစ္စတန်၊ အိန္ဒိယ၊ နီပေါနိုင်ငံများတွင် မိုးရွာသွန်းမှု လျော့နည်းသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အိန္ဒိယ အနောက် ဘက် ကမ်းရိုးတန်းဒေသအချို့၊ အိန္ဒိယ၊ သီရိလင်္ကာ၊ မြန်မာနိုင်ငံ တို့တွင် မိုးပိုမိုရွာသွန်း မှုကြောင့် မိုးရာသီကြာရှည်ခြင်း၊ ရေကြီးခြင်းတို့ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ ယင်းရာသီဥတု အခြေအနေ များကြောင့် စိုက်ပျိုးရေးလုပ်ငန်း၊ ကျန်းမာရေး၊ ဒေသတွင်း စီးပွားရေး အခြေအနေတို့တွင် ဆုံးရှုံးမှုများ ကြုံတွေ့ ရနိုင်ကြောင်း လေ့လာမှုများတွင် ဖော်ပြထားသည်။ အရှေ့အာရှဒေသရှိ စိုက်ပျိုးရေးလုပ်ငန်း၊ ရေအသုံးချမှု၊ ရေအားလျှပ်စစ် လုပ်ငန်းများ သည်လည်း မုတ်သုန်နောက်ကျမှုကြောင့် အခက်အခဲများကြုံတွေ့နိုင်ပြီး မြေလွှာ ပျက်စီးမှုများ ဖြစ်ပေါ် နိုင်ကြောင်း သိရသည်။ မိုးရွာသွန်းမှုကို လျော့နည်းစေသော ရာသီဥတု အခြေအနေသည် အလွန်ပူပြင်းမှုကို ဖြစ်ပေါ်စေနိုင်ကြောင်း သုတေသနစာတမ်းတွင် ဖော်ပြထားသည်။
source by : http://www.planet.com.mm/news/read.cfm/id/12046
source by : http://www.planet.com.mm/news/read.cfm/id/12046
Tags
သတင်း