မိုးမခ |
၅၆ ကြိမ်မြောက် အကယ်ဒမီဆု (ရုပ်ရှင်ထူးချွန်ဆု) များ ပေးအပ်ပွဲကို ယနေ့ညနေပိုင်းက မြို့တော်သစ် နေပြည်တော် တွင်ပြုလုပ်ခဲ့သည်။
၂၀၀၇-ခုနှစ်တွင် ပြသခဲ့သော ရုပ်ရှင်ကားများကို စိစစ်ပြီး တပ်မတော်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ပေးအပ်သောဆုများဖြစ်သည်။
ပေးအပ်သော ဆုအရေအတွက် ၆ ခုမှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ ဇာတ်ကားဆု- မြင့်မာလာရုပ်ရှင်ထုတ်လုပ်ရေး
[ အမှတ်စဉ် ၁ မှ ၅ အထိ ကိုးဆယ်ဆ သာလိမ့်မယ် ဇာတ်ကားဖြင့် ရရှိ ]
၂။ ဒါရိုက်တာဆု - မောင်ယဉ်အောင်
၃။ အမျိုးသားသရုပ်ဆောင်ဆု - ကျော်ရဲအောင်
၎။ အမျိုးသားဇာတ်ပို့ဆု - မိုးဒီ
၅။ ရုပ်ရှင်တေးဂီတဆု - စိန်မွတ်တား
၆။ ရုပ်ရှင်ဓါတ်ပုံဆု - ကျောက်ဖြူ (ပဒေသာ)
[ ငါ့ဓားငါ့သွေး ငါ့ဧရာဝတီဇာတ်ကားမှဖြစ်သည်။ ]
ရွေးချယ်ခြင်းမရှိသည့် ဆုများ
၁။ ရုပ်ရှင်အသံဆု -
၂။ အမျိုးသမီးသရုပ်ဆောင်ဆု-
၃။ အမျိုးသမီးဇာတ်ပို့ဆု -
၎။ ရုပ်ရှင်တည်းဖြတ်ဆု -
၅။ ရုပ်ရှင်ဇာတ်ညွှန်းဆု -
၂၀၀၇ ခုနှစ်အတွင်း ရုံတင်ခဲ့သော ဇာတ်ကားများ ၁၀ ကား (ဆယ်ကား) ရှိသည်။
ငါ့ဓားငါ့သွေး ငါ့ဧရာဝတီ၊
ရင်နင့်အောင်မွှေး၊
ကိုးဆယ်ဆ သာလိမ့်မယ်၊
အမေနှင့် သမီးများ၊
မိုးပေါ်ခုန်တက်ကလိုက်ချင်တယ်၊
ဓမ္မာသောက အင်းဝ ရာဇာ၊
ကျနော့်ချစ်သူပြောသော သူ့ချစ်သူ အကြောင်း၊
ဒီကောင်ဘယ်သူတုန်း၊
ဝင်္ကပါအခြစ်နှင့် သူ၏ ချစ်ကိုကိုချစ်၊
ကက်ကင်း တို့ဖြစ်သည်။

Tags
သတင်း