မြန်မာ ပြည်က လာတဲ့ စာ - '' အား လုံး ကုန် တော့ မယ် ''

ရန်ကုန်တိုင်း အလုံမြို့နယ် သခင်မြပန်းခြံအနီးမှာရှိတဲ့ စာရင်းစစ်ချုပ်ရုံးကို အတွင်း ရေးမှူး(၁) သီဟသူရ တင်အောင်မြင့်ဦး ရဲ့အမိန့်နဲ ဗိုလ်တထောင်မြို့နယ်မှာရှိတဲ့ မီးရထားရုံးချုပ်ကိုပြောင်းရွှေ့ရမယ်လို့ကြားသိရပါ တယ်။ စာရင်းစစ်ချုပ်ရုံးဟာ ပြီးခဲ့တဲ့ ၂ဝဝ၆ ခုနှစ်ကတည်းက နေပြည်တော်ကိုပြောင်းရွှေ့ထားတာ ဖြစ်ဲပြီး၊ ကျန်ရှိနေတဲ့ စာရင်းကိုင်သင်တန်းကျောင်းကို ပြောင်းရွှေ့ ရမှာ ဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးချိန်မှာ အဆိုပါသင်တန်းကျောင်းကို ပြန်လည်ပြင်ဆင်ဘို့ နှောင့်နှေး နေခဲ့တာကြောင့် စာရင်းကိုင်သင်တန်းများကို အချိန်ကြာမြင့်စွာ ပိတ်ထားခဲ့ပါတယ်။

သခင်မြပန်းခြံ အနီးက ရုံးဟာနေရာ အကွက်အကွင်း ကောင်းတာကြောင့် အဲဒီ အတွင်းရေးမှူး(၁)ရဲ့ အမိန့်အရ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် ကိုလွှဲပြောင်းပေးရမယ် လို့လည်းသတင်းတွေထွက်နေပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ဆိပ်ကမ်းသာလမ်းထောင့်မှာ ရှိတဲ့ သမဝါယမ ဝန်ကြီးရုံးဟောင်း ကိုလည်း အိုးအိမ်ဦးစီးဌာနအောက်ကို လွှဲ ပြောင်းထားပြီး ဖြစ်တဲ့အတွက် မကြာမီ လေလံတင် ရောင်းချ တော့မယ် ဆိုတဲ့ ခန့်မှန်းမှုတွေလည်းရှိနေပါတယ်။ ကျနော်သိရှိ သလောက်ပြောရရင် အစိုးရဟာ နိုင်ငံပိုင် အဆောက်အဦး များကို စီမံခန့်ခွဲ ပိုင်ခွင့်သာ ရှိပြီး၊ ရောင်း စားခွင့် မရှိပါခင်ဗျား၊၊

ရန်ကင်း အိုးအိမ် တိုက်ခန်း တွေ ၊ ၁၂ လုံးတန်းအခန်းတွေ ၊ ပုဇွန်တောင် အိုးအိမ်အခန်းတွေ၊ ဦးဝိစာရ အိုးအိမ် အခန်းတွေ ကို ပြန်စာရင်းလုပ်နေပြီး ၊ လေ လံပစ် ဘို့လုပ်နေပါတယ် လို့ ကြားရပါတယ်။လက်ရှိနေတဲ့ သူ တွေ ကို ဦးစားပေး ရောင်း ပေး ပါ မယ်တဲ့။ အခု အိုးအိမ်က ရ နေတဲ့ အိမ်လခတွေ က နဲ လွန်းပီး ၊ ခေတ် မမီတော့ တာရယ်၊ ပင်မဝန်ထမ်းတွေကို၊ နေပြည်တော် အတွက်ဘဲ သတ်မှတ် လိုက်ချင်တာရယ်ကြောင့်ပါတဲ့။ အဲဒီ မှာနေတာ က ဝန်ထမ်းဟောင်းတွေ ဗျ၊အခု ရ တဲ့ အိမ် လခ က ခေတ် မမီဆို အဲ ဒီ မှာ နေ ကြ သူ တွေ ရတဲ့ ပင်စင်လခ က လဲ ခေတ်မမီပါဘူး ခင်ဗျား။သူတို့ ပင်စင်ယူတုံး က အရပ်သား ညွှန်ချုပ် အဆင့်က ပင်စင် လခ တလ ၆ဝဝ ကျပ် ( ကျပ် ခြောက်ရာ ) ထက် မပိုပါဘူး ဗျာ ။

အခု အပေါ်မှာပြောသွားတဲ့ နေရာတွေထဲမှာ တစ်ချို့နေရာတွေက နိုင်ငံတော်နှင့် ထူးကုမ္ပဏီကြီး မှအဆင့် အင်မတန်မြင့်သော လူနေအိမ်ရာများ ဆောက်လုပ်ပါမယ်တဲ့။ဒီတစ်ခါရာထူးတက်လာတဲ့ စစ်တိုင်းမှူးတွေကို အိမ်မဆောက်ပေးရသေးဘူးတဲ့။ ဒါပေမယ့် စိတ်ချပါတဲ့။ လူကြီးတွေကို အပြင်ဘက်တန်းက လမ်းမကြီးဘေးက အကွက်ကွင်းကောင်းသော နေရာကောင်းများသာ ဆောက်လုပ် လှူဒါန်းပေးမည်ဖြစ်ပြီး ပိုက်ဆံပေးနိုင်တဲ့ မြန်မာပြည်သားတွေ အတွက် အတွင်းဘက်က လမ်းမနဲ့ဝေးတဲ့ဘက်တွေက အိမ်တွေကို ရောင်းချပေးပါ့မယ်တဲ့။

ဒါပေမယ့် ရှမ်းလမ်း ( ဗဟိုလမ်း ) ပေါ်မှာဆောက်မယ့် ( လက်ရှိ အစိုးရအိမ်ယာပါ။ ရာထူးကြီးတဲ့ သူတွေ နေပါတယ်။ ဆာကူရာဆေးရုံ နဲ့ အလုံလမ်းမီးပွိုင့်ကြား ဆရာငြိမ်းဝပ်ရှော့နဲ့ ကပ်လျက်က ခြံကြီးပါ။ ) အဆင့်အထူးမြင့်အိမ်ယာများကတော့ တိုင်းမှူး အသစ်များကို ဦးစားပေး ဆောက်လုပ်လှူဒါန်း မည်ဖြစ် သောကြောင့် ရောင်းချရန် မကျန်တော့ပါတဲ့။

ကိုမိုးသီးဇွန် ဘလော့ဂ်မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form