အဖမ်းခံဗကသကျောင်းသားများ၏မိသားစုများမှမေတ္တာရပ်ခံချက်


ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်
မကြာသေးခင်ကအဖမ်းခံရတဲ့ ဗကသကျောင်းသားတွေရဲ့ မိသားစုတွေ ကနေ နိုင်ငံတကာရောက် လူငယ်တွေ ကတဆင့် ဒီမိုကရေစီရေးအတွက် ကြိုးစား လုပ်ဆောင်နေကြတဲ့အဖွဲ့အစည်းတွေကိုမေတ္တာရပ်ခံလိုက်ပါတယ်။ ဖြစ်ပုံကဒီလိုပါ။

(၁) အဖမ်းခံရပြီးပြန်လွတ်လာတဲ့“မခင်ငြိမ်းချမ်းစိုး” ဟာ ၊ပြည်ပက ထုတ်ဝေတဲ့ ကြေငြာချက်(Statement) တစောင်ကြောင့် ပြန်အဖမ်းခံခဲ့ရပါတယ်။

(၂)ပြည်ပကဦးစီးထုတ်ဝေတဲ့ ဂျာနယ်တခုကြောင့် မြစ်ဝကျွန်းပေါ်မှာ လူသေ အလောင်းတွေ သွားမြှုပ်လို့အဖမ်းခံထားရတဲ့လူတွေ စစ်ကြောရေး စခန်းမှာ ပြန်လည်ညှင်းဆဲနှိပ်စက်ခံခဲ့ရသလို၊တချို့ ကျောင်းသူတွေရဲ့ ထောင်ဝင်စာတွေ့ခွင့်တွေ အပိတ်ခံလိုက် ရပါတယ်။

ဒါကြောင့်အဖမ်းခံရတဲ့မိသားစုတွေက “သက်ဆိုင်ရာ မိသားစုတွေကို အသိပေးအကြောင်းကြားခြင်း မရှိပဲ ကြေငြာချက်တွေ မထုတ်ဖို့၊ အဆက်အသွယ်ရှိကြောင်းကို တိုက်ရိုက်နည်းနဲ့ဖြစ်ဖြစ်၊ သွယ်ဝိုက်သောနည်း နဲ့ဖြစ်ဖြစ် မီဒီယာတွေကတဆင့် အင်တာဗျူး မလုပ်ကြဖို့၊ သူတို့ရဲ့ဒုက္ခတွေကိုငြိမ်သက်စွာကူညီကြဖို့” တိုက်တွန်း တောင်းဆိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

အဖမ်းခံကျောင်းသားများ၏ မိသားစုများကိုယ်စား
http://mandalayspring.blogspot.com/2008/08/blog-post_11.html မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form