သြဇာကြီးမားသည့် လန်ဒန် အီးအိုင်ယူ မဂ္ဂဇင်းကြီးက ဟောကိန်းထုတ် သတင်း NEJ ခေတ်ပြိုင် | ၂၀၀၈- ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ နောက်ထပ် လူထုအုံကြွမှု တရပ်ဖြစ်ပြီး လက်ရှိ စစ်အစိုးရကို ဖြုတ်ချနိုင်ဘို့ အလားအလာ မရှိသကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို စစ်တပ်က အကြမ်းပတမ်း ဖြိုခွဲသည့် အရေးအခင်းမျိုး ထပ်ပေါ်သည့်တိုင် ပြည်ပအင်အားစု တရပ်ရပ် က၀င်ရောက်စွက်ဘက်ဘို့ အလားအလာလည်း မရှိကြောင်း ၂၀၀၈ ခု သြဂုတ်လထုတ် လန်ဒန် အခြေစိုက် အီးအိုင်ယူမဂ္ဂဇင်းကြီးက သုံးသပ်ထားသည်။ မကြာခင်က စစ်တပ်တွင်း အပြောင်းအလဲတွေကြောင့် အာဏာချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်လေမလား မှန်းဆခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထိန်းချုပ်ထားနိုင်သည့်ပုံ ရှိနေပြီး ထိပ်ပိုင်း ဗိုလ်ချုပ်တွေ ကြား နားလည်မှု ရထားပုံလည်း ပေါ်သည်ဟုပါ အီးအိုင်ယူ မဂ္ဂဇင်းက ယူဆသည်။ အီးအိုင်ယူ၏ ၂၀၀၈-၂၀၀၉ မြန်မာ့နိုင်ငံရေး ခန့်မှန်းချက်အရ စစ်အစိုးရသည် အာဏာကို ဆက်လက် ချုပ်ကိုင် ထားဦးမည် ဟု မှတ်ချက်ပေးထားသည်။ |
Tags
သတင်း