မမေ့ရက်နိုင်သော ၈၈၈၈ မှ မြင်ကွင်းဖြစ်ရပ်များ


၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းက မြင်ကွင်းလေးတစ်ခုကို ကိုယ်တွေ့ မျက်မြင်တစ်ဦးကနေ ပြန်လည်ပုံဖေါ်ထားတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာနဲ့  မိမိတို့ သဘောထားဆန္ဒကိုထုတ်ဖေါ်ပြောနေချိန်မှာ မပြစ်မခတ်ဖို့  တောင်းပန်ပြောဆိုနေခဲ့တဲ့ အဖြူအစိမ်းကျောင်းဝတ်စုံနဲ့  ကျောင်းသားငယ်လေးတစ်ဦးကို သေနတ်လှံစွပ်နဲ့  ရက်စက်စွာ ထိုးသတ်ခဲ့တဲ့ အတွက် သွေးအိုင်ထဲမှာ လဲကျသေဆုံးခဲ့ရတဲ့ မြင်ကွင်းလေးပါ။

ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ အသက်ပေးပြီး ပြည်သူအတွက် ပေးဆပ်ခဲ့တဲ့ ကျောင်းသား ကျောင်းသူလေး များအား ပြန်လည်အောင်းမေ့ပြီး ကြေကွဲဝမ်းနည်းစွာနဲ့  မှတ်တမ်းတင် ဂုဏ်ပြု ဦးညွတ်လိုက်ပါတယ်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form