ထောက်ခံမဲပေးရန် တပ်မတော်သားများကို ဖိအားပေး

NEJ ခေတ်ပြိုင်သတင်းဌာန

လာမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းဆိုင်ရာ လူထုဆန္ဒ ခံယူပွဲတွင် ထောက်ခံမဲ ပေးကြရန် တပ်မတော်သားများနှင့် အငြိမ်းစား တပ်မတော်သားများကိုပါ ခြိမ်းခြောက် ဖိအားပေးမှုများ ရှိနေကြောင်း ဧရာဝတီတိုင်း ပုသိမ်အခြေစိုက် ခလရ (၃၈) မှ အမည်မဖော်လိုသူ တပ်ကြပ်ကြီး တဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ မတ်လကုန်မှာ တပ်ရင်းမှူးက တပ်တွင်း တပ်မတော်သားတွေနဲ့ မိသားစုတွေ အားလုံးကို ခေါ်ပြီး မိန့်ခွန်းပေးတယ်။ လာမယ့် အခြေခံဥပဒေမူကြမ်း လူထုဆန္ဒခံယူပွဲမှာ ထောက်ခံမဲ ပေးကြဖို့၊တပ်မတော်သားတွေ အတွက် ဒါဟာ အမိန့်ဖြစ်တာကြောင့် အမိန့်ကို နာခံဖို့လိုတယ်လို့ ပြောတယ်။ နောက် အငြိမ်းစားတွေကိုလည်း သီးသန့်ခေါ်ပြီး တွေ့တယ်။ အငြိမ်းစားတွေအနေနဲ့ ကန့်ကွက်မဲ ထည့်ခဲ့မယ်ဆိုရင် ပေးထားတဲ့ အခွင့်အရေးတွေ အကုန်လုံး ရုပ်သိမ်းမယ်။ ဒါတင်မက တပ်မြေနဲ့ တဆက်တစပ်တည်း ချထားပေးတဲ့ မြေကွက်တွေကိုပါ ပြန်သိမ်းမယ်ဆိုပြီး ပြောတယ်” ဟု ရှင်းပြသည်။

ထောက်ခံမဲ မပေးပါက ပြန်လည်သိမ်းယူမည့် မြေကွက်များသည် တပ်ရင်းဌာနချုပ်နှင့် တဆက် တစပ်တည်း တည်ရှိပြီး ပြီးခဲ့သည့် နှစ်များက အကွက်ချပေးထားခြင်းဖြစ်သည်။ အများစုက ထိုမြေကို အိမ်ဆောက် နေထိုင်ကြပြီး လက်လွှဲ ရောင်းချထားသူများလည်း ရှိကြောင်း သိရသည်။

အငြိမ်းစားမဟုတ်သည့် တပ်မတော်သားနှင့် မိသားစုဝင်များကိုမူ အမိန့်အရ ထောက်ခံမဲ ထည့်ရ မည်ဟု ပြောသော်လည်း မလိုက်နာပါက မည်သို့ အရေးယူမည် ဆိုသည်ကို ပြောကြားသွားခြင်း မရှိကြောင်း သိရသည်။

ယခု လူထုဆန္ဒခံယူပွဲ ပြုလုပ်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ တပ်မတော်ကောင်း စားရေးအတွက် ရည်ရွယ်ပြီး ရေးဆွဲထားခြင်း ဖြစ်သည်ဟု တပ်ရင်းမှူးက ပြောကြောင်း တပ်မ တော်သားတဦးက ပြောသည်။

၎င်းက “ဒါပေမယ့် လက်တွေ့မှာတော့ ကျနော်တို့ အောက်ခြေ တပ်မတော်သားတွေရဲ့ ဘ၀က အထက်လူကြီးတွေကိုပဲ ကြောက်နေရတယ်။ ဆန္ဒမဲ ပေးဖို့ကတော့ အခုထိ မဆုံးဖြတ်ရသေးဘူး၊ အချိန်တန်ရင် သူများလုပ်သလို လိုက်လုပ်မှာပဲ” ဟု ပြောသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form