ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အား ကန့်ကွက်မဲပေးရန် ကချင်ကျောင်းသားများ စာကပ်

NEJ ခေတ်ပြိုင်သတင်းဌာန

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အား ကန့်ကွက်မဲပေးရန် လှုံ့ဆော်စာများ လိုက်လံကပ်နှံသည့် လှုပ်ရှားမှုတခုကို ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂက ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့အတွင်း လူစည်ကားရာအချက်အချာနေရာရှိ အဆောက်အအုံများတွင် လှုံ့ဆော်စာများကို ယမန်နေ့က လိုက်လံကပ်နှံခဲ့ကြောင်း သမဂ္ဂ အဖွဲ့မှ တာဝန်ရှိသူ တက္ကသိုလ်ကျောင်းသားတဦးက ပြောသည်။

အတင်းအဓမ္မ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် အတည်ပြု/မပြု ဆန္ဒခံယူပွဲအား ကန့်ကွက်မဲ ပေးကြ၊ ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဟု ရေးထားသည့် လှုံ့ဆော်စာများကို မြစ်ကြီးနားတက္ကသိုလ်၊ ကွန်ပျူတာကောလိပ်၊ မြစ်ကြီးနားမြို့ရှိ ဈေးများ၊ ဘူတာရုံစသည့် နေရာများတွင် ကပ်ခဲ့သည်ဟု ၎င်းကပြောသည်။

၎င်းက “အတော်လေး အားရစရာကောင်းပါတယ်။ လူတွေ လှုပ်လှုပ်ရွရွဖြစ်သွားတယ်၊ လူ ထုတွေက ဘာလုပ်ရမယ်ဆိုတာ ဝေခွဲမရဖြစ်နေတာကို ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ဆုံးဖြတ် ချက်ကို ချပေးနိုင်ခဲ့တယ်” ဟု ပြောသည်။

စာကပ်ပြီးမကြာမီတွင် အာဏာပိုင်များက လိုက်လံသိမ်းဆည်းမှုများ ပြုလုပ်ခဲ့သော်လည်း စာကပ်သူများအား ဖမ်းဆီးရမိခြင်းမရှိခဲ့ကြောင်း လှုပ်ရှားမှုတွင် ပါဝင်သည့် မြစ်ကြီးနား တက္ကသိုလ်ကျောင်းသားတဦးက ပြောသည်။

၎င်းက “မြစ်ကြီးနားတက္ကသိုလ်နဲ့ ကွန်ပျူတာကောလိပ်က မနေ့ကဖွင့်တယ်လေ။ ကျောင်း သားတွေ မလာခင် မနက် (၇) နာရီမှာ အပြီးကပ်ထားလိုက်တယ်။ မနေ့က ကျောင်းထဲမှာ ရဲတွေ၊ စစ်သားတွေတော့ ရောက်နေတယ်၊ ဆရာ ဆရာမတွေလည်း အစည်းဝေးတွေ အရေးပေါ်ထိုင်ကြတယ်” ဟု ပြောသည်။

ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့သည် ယခုနှစ် ဇန်န၀ါရီ (၁၀) ရက်၊ ကချင် ပြည်နေ့ အထိမ်းအမှတ်ပွဲတော်အတွင်း မြစ်ဆုံရေကာတာ ဆန့်ကျင်ရေးနှင့် အစိုးရဆန့် ကျင်ရေးစာများ ဖြန့်ဝေခဲ့သကဲ့သို့ ယမန်နှစ်ကလည်း အလားတူ စာဖြန့်ဝေမှုများ ပြုလုပ်ခဲ့ သည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form