NEJ ခေတ်ပြိုင်သတင်းဌာန
တရုတ်နိုင်ငံ တိဘက်ဒေသ၏ အရေးအခင်းအား တရုတ်အစိုးရက နှိမ်နင်းခဲ့ပြီးနောက် အရေး အခင်းတွင် ပါဝင်ခဲ့ပြီး အဖမ်းမခံဘဲရှောင်တိမ်းနေသူများကို တရုတ်အစိုးရက ပိုက်စိပ်တိုက်ရှာ ဖွေမှုများပြုလုပ်သည့်တစိတ်တဒေသအဖြစ် တရုတ်-မြန်မာနယ်စပ်တွင်လည်း အထူးစစ်ဆေး မှုများ ပြုလုပ်နေသည်။
တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်မြို့နှင့် ရွှေလီမြို့အကြားရှိ စစ်ဆေးရေးဂိတ်တွင် တရုတ်ရဲ တပ်ဖွဲ့ဝင်များက မတ် (၂၇)မှစတင်၍ ရွှေလီမြို့မှ ကျယ်ဂေါင်မြို့သို့လာသည့်တက္ကစီကားများ နှင့် ခရီးသွားကုမ္ပဏီကားများကို အဓိကစစ်ဆေးနေသည်ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတဦး က ပြောသည်။
၎င်းက “ဂိတ်အထွက် တံတားထိပ်မှာ စစ်နေကြတာ။ တိဘက်က ပြေးလာတဲ့သူတွေကိုရှာနေ တာလို့ ဒီမှာပြောနေကြတယ်။ မြန်မာဘက်ကို ပြေးလာနိုင်တယ်လို့ သတင်းရထားတယ်နဲ့ တူ တယ်။ တရုတ်အတွင်းပိုင်းက လာတဲ့သူတွေကို အဓိကထားစစ်တာ၊ မြန်မာတွေကိုတောင် နေ ထိုင်ခွင့်လက်မှတ်ကို အပေါ်ယံသဘောလောက်သာ ကြည့်တာ၊ သူတို့ တရုတ်မှတ်ပုံတင် ကိုင် ထားတဲ့သူတွေကိုပဲ သဲသဲမဲမဲ စစ်နေတာ” ဟု ပြောသည်။
ကျယ်ဂေါင်မြို့ရှိ ဟိုတယ်နှင့် တည်ခိုခန်းများ၊ ကျောက်ပွဲရုံများတွင်လည်း တရုတ် ရဲများက
ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်နေပြီး နေထိုင်ခွင့်လက်မှတ်မရှိသည့် မြန်မာများ အဖမ်းခံရ ကာ ဒဏ်ငွေ အရိုက်ခံကြရသည်ဟု ကျယ်ဂေါင်ဒေသခံက ပြောသည်။
၎င်းက “ဟိုတနေ့ကဆို ကျောက်ဝိုင်းထဲဝင်ပြီး ပတ်စ်ပို့စစ်တယ်၊ တခါမှ ဒီလိုမစစ်ဘူး။ မရှိတဲ့ သူတွေ ဒဏ်အရိုက်ခံရတယ်။ တရုတ်ငွေ သုံးရာ (မြန်မာငွေ ငါးသောင်းကျပ်ဝန်းကျင်) ပေးရ တယ်၊ အတော်အထိ နာသွားတယ်၊ ဒီက မြန်မာတွေလေ” ဟု ပြောသည်။
မတ် (၁၄) ရက်မှစတင်၍ တရုတ်နိုင်ငံ၊ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအတွင်း တိဘက် ဘုန်းကြီးများဦးဆောင်သည့် တရုတ်ပြည်မှ ခွဲထွက်ရေးလှုပ်ရှားမှုပေါ်ပေါက်ခဲ့ပြီး အဓိကရုဏ်း များ ဖြစ်ပွားခဲ့ရာ တရုတ်အစိုးရက စစ်တပ်များသုံး၍ နှိမ်နင်းခဲ့သည်။
အဆိုပါအရေးအခင်းတွင် လူ (၁၈) ဦး သေဆုံးသည်ဟု တရုတ်အစိုးရ က သတင်းထုတ်ပြန် ထားသော်လည်း ပြည်ပရောက် တိဘက်လှုပ်ရှား သူများက (၁၀၀) ကျော် သေဆုံးခဲ့သည်ဟု ပြောသည်။

Tags
သတင်း