ဘုန်းဘုန်းချ မှ လုံးလုံးရမယ် သံချပ်

သင်္ကြန်အကြို ၊ သကြားအကြို

(မိုး)၃လား မောင်တို့....... (လေ)၃လား မောင်တို့
  • မိုးရော လေရော နှစ်ညင်သာ.... ဒို့တိုင်ပြည်မှာ အေးချမ်းစေဖို့
  • မိုးကလေးက မရွာတရွာ...... ရွှင်ကြည်နူးစရာ တန်ခူးလ သင်္ကြန်ပွဲ
  • လေကလေးက မဖြာတဖြာ.... ရင်ကြည်နူုးစရာ တန်ခူးလသင်္ကြန်ပွဲ
ပိတောက်ရွှေဝါတို့ ပွင့်စေရေး.....မိုးပြေးလေး ရွာတယ်ဆိုရုံလေး
ငုရွှေဝါတို့ သင်းပျံမွှေး...... လေညှင်းလေး ဖြာတယ်ဆိုရုံလေး
မိုးနုလေနု ညံ့ညံ့ညှင်း..... မြတ်သိကြားမင်း ဆင်းလို့လာပေါ့
ပြိုးပြိုး ပြက်ပြက် ဆင်းလို့လာ.... ၀ိုင်းကြိုကြပါ အတာရေအိုးနဲ့
တိုင်းပြည် အေးချမ်းသာ စေရန်....သိကြားမင်းထံ ၀ိုင်းလျှောက်ထားစို့
သိကြားမင်းကြီးမျက်နှာညှိုး....သွေးတက် သွေတိုး ဝေဒနာဆိုးကြောင့်
ဘယ်လို ဖြစ်သလဲမေးကြည့်ရာ....သံဃာသတ်တာမြင်လို့ကြားလို့
ကျည်ကာအင်္ကျီ ၀တ်ထားတာ.... နတ်ပြည်နတ်ရွာ စစ်ဖြစ်နေလား
နတ်ပြည်ခြောက်ထပ် စစ်မဖြစ်ပါ…. လူ့ပြည် ကြွအလာ မှန်မှာစိုးလို့
သစ်ကိုင်တခက်ကိုင်ဆင်းလာ… ကြက်ဆူပင်ပါ စိုက်ခိုင်းမလို့လား
ဧကရာဇ်မြစ်ပါ လူသားရာ….. သွေးတိုးတဲ့အခါ သွေးပြီးသောက်ဖို့
ဝန်ကြီးချုပ်ဟောင်းသင်တို့ဆို...ဗိုလ်စိုးဝင်း ကိုပြောချင်တာလား
  • သံဃာတော်များ ကျဆုံးသွား .... ဒီလို တပ်သား ၀မ်းမနည်းပါနဲ့
  • ၀န်ကြီးချုပ်ဟောင်းသေဆုံးသွား .... ဒီလို တပ်သား ၀မ်းမနည်းပါနဲ့
လူသတ်ကောင် အတွက် ၀မ်းမနည်းပါ...ဒို့ဝမ်းနည်းတာ 'ဘူတို' သေလို့
သကြားမင်းကို မကျေနပ်ပါ….. ဝေဖန်ချင်တာ ပွင့်ပွင့်လင်းလင်း
ထောက်ပြဝေဖန် ပြောစမ်းပါ…. သိကြာမင်းဆိုတာစိတ်ဆိုးတတ်ဘူး
နှစ်ထောင်ခုနှစ်ခုနှစ် အောက်တိုဘာ… ရန်ကုန် တ၀ိုက်မှာ မိုးကြိုးပစ်ခဲ့
မိစ္ဆာကောင် များ တယောက်မှမမှန်…..သိကြားမင်းလက်သံ သိပ်ညံ့တာပဲ
စိတ်မရှိပါနဲ့ လူသားရာ…… ဒေါသထွက်ကာ လက်တုန်နေလို့
သင်္ကြန်ပြီးလို့ ပြန်အတက်မှာ….. ပြန်လေ့ကျင့်ပါ လက်တည့်အောင်လို့
လေ့ကျင့်ပါမယ် ဂတိပေးသကွာ….. နောက်တခေါက်ပစ်တာမလွဲစေဘူး
တို့တိုင်းပြည်ရွာ ငြိမ်းချမ်းလို…. သိကြားမင်းကြီးကို ဆုတောင်းကြစို့
  • ဒုက္ခ ကင်းအောင်စောင့်ရှောက်ပါ………. (ပြည့်စေဗျာ)၂
  • သောကကင်းအောင်စောင့်ရှောက်ပါ……. (ပြည့်စေဗျာ)၂
  • ငြိမ်းချမ်းရေးကို ဖန်ဆင်းပါ…… (ပြည့်စေဗျာ)၂
  • သင်္ကြန်မှာပတ်ဖို့ ရေလိုသဗျာ….. (ပြည့်စေဗျာ)၂
  • ပျော်စရာအတာပွဲနွဲချင်တာ……. (ပြည့်စေဗျာ)၂
  • စားနပ်ရိက္ခာ ဖူလုံစွာ… (ပြည့်စေဗျာ)၂
ဒီမိုကရေစီ လိုချင်သဗျာ…… ဒါလေးတစ်ခုတော့ ခွင့်လွှတ်ပါဟေ့
သိကြားမင်းကျွန်တော် မတတ်နိုင်ပါ…… လူ့ပြည်ရွာမှာ နိုင်သူရှိရဲ့
သိကြားမင်း ကျုပ်ကို အားမကိုးနဲ့…. သံဃာတွေကို အားကိုးကြကွဲ့
  • သိကြားမ,လို့ လုံးလုံးမရ….. ဘုန်းဘုန်းချမှ လုံးလုံးရမယ်
  • ဘုရားတ,လို့ လုံးလုံးမရ…… ဘုန်းဘုန်းချမှ လုံးလုံးရမယ်
  • တရားတ,လို့ လုံးလုံးမရ....... ဘုန်းဘုန်းချမှ လုံးလုံးရမယ်
သိကြားမင်းကြီး တော့ ကြိုပြီးပေ…. လူထု ဘ၀အခြေ သွားကြည့်ကြစို့။

သင်္ကြန်အကြို ၊ သိကြားကြို ၂၀၀၈ တိုက်ပွဲခေါ် သံချပ် အဖွင့်ကို နားထောင် လိုပါက၊ ‘ဒိုးပတ်သံ၊အဖွင့် စကားပြော နဲ့ သင်္ကြန်အကြို ၊ သိကြားကြို’ စာသားမှာနှိပ်ပါ။
(အရွယ်အစား 3.4MB- ဖိုင်အမျိုးအစား audio/mpeg)

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form