ကျောင်းသားခေါင်းဆောင် အချိန်မှန် ဆေးကုသခွင့် မရ

ဖနိဒါ မဇ္ဈိမသတင်းဌာန

ချင်းမိုင်။ ။ မျက်စိကုသရန် ဆေးရုံချိန်းရက် ရောက်ပြီ ဖြစ်သော်လည်း အင်းစိန်ထောင်တွင် ဖမ်းဆီးခံနေရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင်ကို အာဏာပိုင်များက အပြင်ထွက်ခွင့် မပြုဘဲ ထားသည်။

ပြီးခဲ့သည့် ၃ ပတ်ခန့်မှ စတင်ကာ မျက်စိ ရေတိမ်ရောဂါ ခံစားနေသော ကိုလှမျိုးနောင်ကို ရန်ကုန် ကန်တော်ကြီးဆေးရုံတွင် ဆေးကုသ ခံယူနေရာမှ ထပ်မံ ချိန်းဆိုထားသည့် ယမန်နေ့က ရက်ချိန်းတွင် ဆေးရုံသို့ ရောက်မလာနိုင်ခြင်း ဖြစ်သည်။

"သူ့ကို အပြင်ကို ထွက်ပြီး ဆေးကုရမယ်။ အခုချိန်ထိ မထွက်လာသေးဘူး။ ဒီနေ့ ထွက်ရမယ့် နေ့လေ။ ခါတိုင်း အဂါင်္နေ့ဆိုရင် ထွက်ထွက် ပြရတယ်လေ။ ဘာကြောင့် မထုတ်ဘူးဆိုတာ မသိသေးဘူး။ မထုတ်ပေးဘူးလို့ ပြောတယ်။ ငွေရေး ကြေးရေး အဆင်မပြေလို့ ပြန်ခေါ်သွားရော။ အခု ငွေရေး ကြေးရေး အဆင်ပြေ ပြန်တော့လည်း ထုတ်လာဖို့ မနည်း ပြန်ပြောနေရတယ်" ဟု မိသားစုဝင်များနှင့် နီးစပ်သူက ပြောသည်။

ဖမ်းဆီးချိန်ကတည်းက မျက်စိရောဂါ ခံစားနေရသော ကိုလှမျိုးနောင်သည် အကျဉ်းကျ ကာလအတွင်း အချိန်မီ ရောဂါဝေဒနာကို ကုသမခံခဲ့ရသည့်အတွက် ညာဘက်မျက်စိ ကွယ်ခဲ့ရပြီး ယခုအခါ ဘယ်ဘက်မျက်စိအား ပြန်လည် ကူးစက်ခံနေရသဖြင့် သူ့ကို ခွဲစိတ်ကုသရန် လိုအပ်နေသည်ဟု ကုသပေးနေသည့် ဆရာဝန်က ပြောဆိုခဲ့သည်။

စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်ခဲ့သူ ကိုလှမျိုးနောင်သည် အာဏာပိုင်များမှ လိုက်လံ ဖမ်းဆီးနေသဖြင့် တိမ်းရှောင်ခဲ့ရပြီးနောက် ၂ဝဝ၇ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့တွင် စမ်းချောင်းမြို့နယ်ရှိ ပုန်းအောင်နေရာမှ ပြင်ပဆေးခန်းတခုသို့ မျက်စိရောဂါ ပြသရန်အသွား ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form