သမုဒ္ဒရာမျော မြန်မာများ သီရိလင်္ကာရေတပ်ကြောင့် သေကံမရောက်

သီရိလင်္ကာရေတပ်မှ မြန်မာ နိုင်ငံသား တွေကို ကယ်တင်ပြီး တွေ့ရပုံ (ဓာတ်ပုံ - အေပီ)


အိန္ဒိယသမုဒ္ဒရာထဲမှာ စက်လှေအင်ဂျင်ပျက်ပြီး သီတင်းပတ်နှစ်ပတ်လောက် ပင်လယ်ပြင်မှာ မျောနေခဲ့တဲ့ မြန်မာနိုင်ငံသားတွေနဲ့ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၇၀ ကျော်ကို သီရိ လကာင်္ရေတပ်ကကယ်ဆယ်လိုက်ပါတယ်။ မြန်မာနိုင်ငံသား ၅၀ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၁ ယောက်ကို ကယ်တင်ခဲ့တာဖြစ်ပါတယ်။ရက်ပေါင်းများစွာ ပင်လယ်ထဲမှာ မျောပါနေခဲ့တဲ့အချိန် အစားသောက်ပြတ်ပြီး စက်လှေပေါ်မှာ ပါလာတဲ့သူ တော်တော်များများလည်း သေဆုံးခဲ့တယ်လို့ ပြောပါ
တယ်။

ဖေဖော်ဝါရီလ ကိုးရက်နေ့ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်ဇ်ဘဇားမြို့ကနေစပြီး ထွက်ခဲ့တာပါ။ သီရိလကာင်္နိုင်ငံ အရှေ့ဘက် မိုင် ၁၇၀ လောက်မှာ မျောပါနေတာကို ငါးဖမ်းစက်လှေတွေက သီရိလကာင်္ရေတပ်ကို အကြောင်းကြားခဲ့
ပါတယ်။

လမ်းမှာ မြန်မာနိုင်ငံသား ၁ရ ယောက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သုံးယောက်အစာရေစာပြတ်ပြီး သေဆုံးခဲ့တယ်လို့လည်း မသေဘဲကျန်ရစ်သူတွေက ပြန်ပြောကြပါတယ်။

VOA သတင်းဌာန မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form