အေးလွင် အုပ်စု ကို သတိထားကြ။ ဆန်ကျင့်ကြ။

အေးလွင် ဟာ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်းတဦးဖြစ်ပါတယ်။ အခုသူက ဟာ နအဖ နဲ့ ပေါင်းပြီး လမ်းမှားကိုရောက်သွားပါတယ် ။ သူကိုသတိထားကြပါ။ ဆန်ကျင်ကြပါလို့ တိုက်တွန်းလိုပါတယ်။ သူဟာ ၈၈ မျိုးဆက်ကျောင်းသားမဟုတ်တော့ဘူး။ သူဟာ နအဖလက်ကိုင်တုတ်လုံးလုံးဖြစ်နေပြီ။ လက်ရှိသူအဓိကလုပ်နေတာကတော့

၁- အမေရိကန် အစိုးရစီးပွားရေးပိတ်စို့ တာကို ဆန်ကျင့်နေပါတယ်။

၂- ဒေါ်အောင်ဆန်းစုကြည်ကိုဆန်ကျင်တိုက်ခိုက်နေပါတယ်။

၃- နအဖရဲ့ လမ်းပြမြေပုံကို ထောက်ခံပေးနေပါတယ်။

၎- အခြေခံဥပဒေကိုထောက်ခံနေပါတယ်။

၅- နအဖ ထံမှာ ငွေ၊တိုက်ခန်း၊ ကား၊ လက်ကိုင်ဖုန်းစသည့် အကျိုးအမြတ်များကို ရရှိနေကြပါတယ်။

၆ - အီးမေးလ်များမှ တဆင့် နအဖ သတင်းစာများကို အဆက်မပြတ်ပို့ နေခြင်း။
သူတို့ လှုပ်ရှားမှု သတင်းများကို ပို့ လေ့ရှိကြပါတယ်။

သူတို့ အုပ်စုမှာ အဓိကလှုပ်ရှားသူတွေက ဘယ်သူလည်း

၁- အေးလွင်
၂- ၀င်းမောင်
၃- ကျော်သူရ၀င်း
၎- စိုးပိုင်
၅- ရဲ မျိုးခိုင်း
၆- ကျော်လှ
၇- သူရအောင်
၈- ကံကြီးမောင်
၉- မျိုးဇော်ဦး
၁၀- ကျော်ကျောင်ခိုင်
၁၁- ထိန်မင်း

တို့ ဖြစ်ပါတယ်။ နအဖ မှ အေးလွင်ကို သိန်း ၅ ငါးထောင်ပေးထားတယ်လို့ သတင်းထွက်နေပါတယ်။ ပုလဲ ကွန်ဒိုမီနီယံမှာ တိုက်ခန်းပေးထားပြီးရုံးဖွင့်လှုပ်ရှားနေကြပါတယ်။ ကားနဲ့ မိုးလ်ဘိုင်းဖုံးများ လစဉ်ထောက်ပံငွေများရနေကြပါတယ်။ ဂျပန်ကိုလာရောက်ပြီး ဂျပန်အစိုးရပိုင်းကို စည်းရုံးဖို့ အစီအစဉ်များလည်းပြုလုပ်နေကြောင်းသတင်းရပါတယ်။ သူတို့ ကိုလှုပ်ရှားမှု ကို တုန်ပြန်ရန်လိုအပ်ပါတယ်။


၁- သူတို့ အီးမေးလ်ကို လက်မခံပဲ ပိတ်စို့ ထားနိင်ပါတယ်။ သူတို့ ဆီမှာအီးမေးလ် များကို လက်မခံပဲ ပိတ်စို
့မှုများပြုလုပ်နိင်ပါတယ်။

၂-သူတို့အီးမေးလ်တခုလာတိုင်းကျနော်တို့ဖက်မှာကုလသမဂအစီရင်ခံစာများ။
လူအခွင့်အရေးချိုးဖေါက်ခံသတင်းများကို တန်ပြန်ပေးပို့ နိင်ပါတယ်။

၃- သူတို့  နဲ့ အုပ်စုက ခေါ်တဲ့ အစည်းဝေးတွေကို မတက်ရောက်မိဖို့ သတိပေးကြပါ။

၎- သူ တို့ အုပ်စုနဲ့ နိင်ငံရေးမဆွေးနွေးပါနဲ့ 
အေးလွင်အုပ်စုဟာ နအဖ လက်ကိုင်ဒုတ်တွေ ဖြစ်ပါကြောင်း လေးစာစွာဖြင့် အသိပေးအပ်ပါတယ်။
(ရွေဝါရောင်တော်လှန်ရေး )




အဖွဲ့ ခေါင်းဆောင် အေးလွင် (၀ဲ ) နှင့် သန်းဌေး ( ယာ) မှာ နအဖ အလို ကျ အမေရိကန်ဆန်ကျင်ရေး လှုပ်ရှားမှု များကိုလုပ်ဆောင်နေစဉ် တွေ့ ရပုံ


ကိုမိုးသီးဇွန် ဘလော့ဂ် မှ ရယူတင်ပြပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form