တကယ်ဆိုရင် '၇၉' ခုနှစ်မှာမွေးခဲ့သူတစ်ယောက်အတွက်
နှစ် '၃၀' နီးပါးဖြတ်သန်းပြီးခဲ့ပါပြီ...
ငါတို့ တကယ် လွတ်လပ်ခဲ့ပါသလား?..
'၈၈' ခုနှစ်မှာနိုင်ငံရဲ့အပြောင်းအလဲ နှင့် အတူငါတို့ရဲ့မျှော်လင့်ခြင်းတွေ ရှင်သန်ခဲ့ရတယ်။
ဒါပေမဲ့.. ခေါင်းထဲမှာ Army Rum ထည့်ပြီး အာဏာမူးယစ်မူးနေတဲ့သူတွေရဲ့
တကိုယ်ကောင်းဆန်မှုကြောင့် ငါတို့ရဲ့မျှော်လင့်ခြင်း အမေ 'စု' လည်း...
အနှစ် '၂၀' ကျော် အကျဉ်းကျခဲ့ပြီ...
အချိန်ကုန်ခံ တန်းစီတိုးစားရတဲ့ စံနစ်ရဲ့ သာကောင်တွေလဲ ငါတို့ဖြစ်ခဲ့ရပြီ..
ဒါပေမယ့် လွတ်လပ်ရေးဟာ ငါတို့ထက် အနှစ် '၄၀' ကျော်ကြီးပါတယ်..
ငါတို့တကယ်ကိုလွတ်လပ်ခဲ့ပါသလား?...
စစ်ဖိနပ်တွေ၊မာရှယ်လောတွေ ကြားရှင်သန်ခဲ့ရတဲ့ ငါတို့ဘ၀..
ဘယ်လောက်တောင် မွန်းကြပ်စရာ ကောင်းပါသလဲ....
ကိုယ့်အိမ်ကို ကိုယ့်အမျိုးလာလို့ တစိမ်း ကို အသိပေးရတဲ့ ဘဝ
ဘယ်လောက် ရင်နာစရာ ကောင်းပါသလဲ?...
အလုပ်မှာ အချိန်ပိုဆင်းရလို့ အိမ်ပြန်နောက်ကျသူ အတွက်
လက်ပတ်စီး ဆိုက္ကားသမားက သူတို့ထုတ်တဲ့ပုဒ်မနဲ့ အချုပ်ကျခဲ့သူ..
ပြည်သူတစ်ယောက်အတွက် မင်းတို့ထုတ်တဲ့ ဥပဒေကို ဘယ်လောက်ယုံကြည်သင့်ပါသလဲ?...
ရိုးသားစွာ ရှင်သန်သူပြည်သူတစ်ယောက် အတွက်
စားဖို့အပြင် သူ့ဘ၀ပြည်စုံဖူလုံဖို့ အခုအချိန်မှာ ဘယ်လောက် မျှော်လင့်နှိုင်ပါသလဲ..
စဉ်စားကြပါစို့!!!!
အရာရာဟာ ကံတရားပဲလို့မိရိုးဖလာအတွေးနဲ့ လွဲမချသင့်ဘူး....
ခေါင်းထဲမှာ အာဏာ ကလွဲပြီး ဘာမှမရှိ
ဗလာနတ္ထိ ဖြစ်နေတဲ့ခေါင်းတွေကို ရိုက်ခွဲပြီး နောင်မျိုးဆက် အတွက် ငါတို့ဘ၀ကိုစတေးကြပါစို့
(ငါတို့တိုက်ပွဲဝင်ကြပါစို့)။
nyinyist ၀၉။၀၂။၀၈

Tags
အက်ဆေး