ကျနော်တို့  ရဲ့ ပြည်တွင်းကွန် ယက်များထံမှာ အရေးတကြီး သတင်းများ ပေးပို့ လာပါတယ်။ အဲဒါတွေကတော့
- ဗိုလ်ခင်ညွန့် အပါအဝင် ထိန်းသိမ်းခံထားရတဲ့ ထောက်လှမ်းရေး ဟောင်းများကို မည်သည့်ရာထူးမှပြန်လည်သတ်မှတ်ထားခြင်း မရှိသော်လဲ ပေါ်ပေါက်လာမည်ဖြစ်သော လူထုတိုက်ပွဲများကို ဖြိုခွင်ရန် အသုံးချနေပြီလို့ သိရပါတယ်။ စစ်အုပ်စု အသုံးပြုတဲ့ ထင်ရှားသော ထောက်လှမ်းရေး အရာရှိဟောင်းများမှာ
၁။ ခင်ညွန် ၂။ကျော်ဝင်း ၃။ သန်းထွတ် ၄။လှမင်း ၅။မောင်မောင်ဦး( ထလရ-နမခ) ၆။ခင်မောင်မြင့်(ထလရ-ဗဟို) ၇။ သက်ဝေ( အရင် ထလရ -ရ ) ၈။တင်မောင်ဦး(ထလရ ၁၄) ၉။သက်ဝင်း ၁၀။တင်မောင်မောင် ( အရင် ထလရ -ရ ) ၁၁။လှတင့် ၁၂။သိန်းဦး ၁၃။ မြင့်ဆန်း ၁၄။နေထွန်း ၁၅။အောင်နိုင်စိုး ( အနောက်ပိုင်းတိုင်း-ထလရ)
- ရန်ကုန်တိုင်း စစ်ဋ္ဌာနချုပ် မှာ သိမ်းဆည်းထားရှိတဲ့ ဗုံးအချို့  ပျောက်ဆုံးသွားတယ်လို့ သိရတယ်။ အထူးစိုးရိမ်စရာ ကောင်းတဲ့ အချက်ကတော့ ပျောက်ဆုံးသွားတဲ့ ဗုံးများဟာ စစ်တပ်ကသုံးတဲ့ ဗုံးများမဟုတ်ပဲ ယခင်တိုက်ပွဲများအတွင်း KNU ထံမှသိမ်းဆည်းရမိတဲ့ ဗုံးများဖြစ်တယ် ဆိုတဲ့ အချက်ပဲဖြစ်တယ်။
- မည်သည့်ရက် မည်သည့် အချိန်မှာ ပျောက်ဆုံးတယ်ဆိုတာ မသိရပေမဲ့ ၇-၂- ၂၀၀၈ ကြာသာပတေး နေ့ မှာတော့ ဗုံးပျောက်ဆုံးခြင်းကိစ္စကို အရေးတကြီး အပူတပြင်းစတင်ဆောင်ရွက်တယ်လို့ သိရပါတယ်။ ၈-၂-၂၀၀၈ သောကြာနေ့  ည ၁၀ နာရီမှာတော့ ရန်ကုန်တိုင်း အခြေစိုက်တပ်တွေကို တပ်ပြင်တယ်လို့ သိရပါတယ်။ နောက် အရာရှိတွေကိုလဲ့ ဗုံရှာစက်တွေ ထုတ်ပေးထားတယ်လို့ သိရတယ်။
-ဗိုလ်ချုပ်လှဋ္ဌေးဝင်း ကိုလဲ နေပြည်တော်ကို ခေါ်ပြီး အထူးညွန်ကြားချက်ပေးတယ် လို့ သိရတယ်။ ဗိုလ်ချုပ်လှဋ္ဌေးဝင်း ဟာ လက်ရှိ ရန်ကုန်တိုင်းထောက်လှမ်းရေး ကို ကြိုးကိုင်ထားသူလဲ ဖြစ်တယ်။
ရဲဘော်တို့ အားလုံး တော်လှန်ရေး သတိမြင့်နိုင်ဖို့ အသိပေးတင်ပြလိုက်ပါတယ်။ စစ်အုပ်စု ဟာ ဗုံးဇာတ်လမ်းကို ပြန်စဖို့ ရှိတယ်။ ဗုံဇာတ်လမ်းကို အကြောင်းပြုပြီး ကျနော်တို့ တိုင်းရင်းသား ရဲ ဘော်များဖြစ်တဲ့ ကရင်၊ ရှမ်း အစရှိတဲ့ တပ်များကို ထိုးစစ်ဆင်လာနိုင်တယ်လို့  ကျနော့ အနေနဲ့  သုံးသပ်ပါတယ်။
ဥတ္တရအောင်
ကိုမိုးသီးဇွန် ဘလော့ဂ် မှ ရယူတင်ပြပါသည်။

Tags
သတင်း