ဆန့်ကျင်ဘက်အဖွဲ့အစည်း (၂) ခုမှ ဘုန်းတော်ကြီးနှစ်ပါး တွေ့ဆုံ


ကေအန်ယူနှင့် ဒီကေဘီအေအဖွဲ့မှ အထင်
ကရ ဘုန်းတော်ကြီးနှစ်ပါး ယမန်နေ့က မဲဆောက်မြို့တွင် တွေ့ဆုံခဲ့သည်။

ယခုကဲ့သို့ ဆန့်ကျင်ဘက်အဖွဲ့အစည်း (၂) ခုမှ ဘုန်းတော်ကြီးနှစ်ပါး တွေ့ဆုံခြင်းနှင့် ပတ်သက်၍ ဒေသတွင်းရှိ ကရင်အမျိုးသားထုအတွင်း အထူးစိတ်ဝင်စားလျက်ရှိ ကြသည်။

တိုးတက်သောဗုဒ္ဓဘာသာကရင် အမျိုးသား တပ်မတော် (ဒီကေဘီအေ) ၏ နာယက

ဆရာတော် ဘဒ္ဒန္တသုဇနသည် ပြီးခဲ့သည့်ရက်ပိုင်းက ချင်းမိုင်မြို့၌ ကျန်းမာရေးစစ်ဆေးမှု ခံယူပြီးအပြန် မဲဆောက်ရှိ တောရဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေသည့် အင်းရှည် ဆရာတော် (ရမ်ဘိုဘုန်းကြီး) နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တောရကျောင်းမှ သံဃာတော်တပါးက “ဆရာတော်နှစ်ပါး ပြောကြတဲ့အထဲမှာ လောကုတ္တရာ အကြောင်းပဲပါတယ်၊ လောကီအကြောင်းမပါဘူး။ ရင်းရင်းနှီးနှီးပဲ ပြောဆိုကြတယ်” ဟု ပြောသည်။

အဆိုပါ ဘုန်းတော်ကြီးနှစ်ပါးသည် ယခင်က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နယ်မြေအတွင်း သီတင်းသုံးနေထိုင်ကြသူများ ဖြစ်သည်။

၁၉၉၄ ခု မာနယ်ပလော ဌာနချုပ်အနီး သံလွင်နှင့် သောင်ရင်းမြစ်ဆုံတွင် ဖြစ်ပွားခဲ့သည့် ကရင် အမျိုးသားအစည်းအရုံးအတွင်း ဘာသာရေးပဋိပက္ခ၌ ဘဒ္ဒန္တသုဇနသည် ကေအန်ယူမှ ခွဲထွက် သည့်အဖွဲ့ကို ဦးဆောင်ပြီး ဒီကေဘီအေကို ထူထောင်ခဲ့သည်။

အင်းရှည်ဆရာတော်ကမူ ဘဒ္ဒန္တသုဇနနှင့် သဘောထားခြင်း မတိုက်ဆိုင်သဖြင့် ကေအန်ယူ နယ်မြေတွင် ဆက်လက်သီတင်းသုံးနေခဲ့သည်။

မဲဆောက်မြို့ရှိ နောင်ဘိုးဝါး ဘုန်းတော်ကြီးကျောင်းတွင် အင်းရှည်ဆရာတော် ကြီးမှူး၍ မြန်မာနိုင်ငံသားများ စုပေါင်းလှူဒါန်း တည်ထားကိုးကွယ်မည့် ပြည်တော်အေး ဆုတောင်း ပြည့်စေတီတော်အတွက် ဘဒ္ဒန္တသုဇနက အလှူငွေ ဘတ် (၁) သောင်း ထည့်ဝင်ခဲ့သည်။

ယမန်နေ့က တောရဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိနေသည့် ဒီကေဘီအေ နာယက ဆရာတော်နှင့် အဖွဲ့အား မဲဆောက်ရှိ ကရင်အမျိုးသားအချို့ သွားရောက်ဖူးမြော်ခဲ့ကြသည်။

ခေတ်ပြိုင် သတင်း ဋ္ဌာန မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form