ပရိသတ်မှန်းဆသည့် အနုပညာရှင်များသာ အကယ်ဒမီဆုများရရှိ

၂၀၀၆ ခုနှစ် ရုပ်ရှင်အကယ်ဒမီဆုပေးပွဲတွင် ဆုပေါင်း ၁၁ ဆုအတွက် ဇာတ်ကားရှစ်ကားတွင်သာ ပေးစရာရှိသဖြင့် ပရိသတ်များ တင်ကြိုမှန်းဆထားသည့် သရုပ်ဆောင်များနှင့် ဇာတ်ကားများသာ ဆုရရှိခဲ့သည်။

၂၀၀၆ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ဖေဖော်ဝါရီ ၇ ရက်နေ့ညက နေပြည်တော်ရှိကဇာတ်ရုံတွင် ကျင်းပရာ အသံထူးချွန်ဆုကို တောင်သမန်သစ္စာဇာတ်ကားဖြင့် ဦးမျိုး ညွှန့်၊ ရုပ်ရှင်ဇာတ်ညွှန်းဆုကို တောင်သမန်သစ္စာဇာတ်ကားဖြင့် ဇော်မြင့်ဦး၊ တည်းဖြတ်ဆုကို မျှော်လင့်ခြင်း များစွာ ဇာတ်ကားဖြင့် ဇော်မင်း(ဟံသာမြေ)၊ ဓာတ်ပုံဆုကို ပန်းပျိုးသူတို့ အလင်္ကာဖြင့် သန်းညွှန့် (ပန်းသာ)၊ တေးဂီတဆုကို ၎င်းဇာတ်ကားဖြင့် ကိုသော်ဇင်(လဝန်းအိမ်)တို့ရရှိခဲ့သည်။

ဆက်လက်၍ အမျိုးသမီးဇာတ်ပို့ ဆုကိုလည်း ၎င်းဇာတ်ကား ဖြင့်ပင် မေသဉ္ဖာဦး၊ ရုပ်ရှင်ဇာတ်ကားဆုကို မျှော်လင့်ခြင်း များစွာ ရိုက်ကူးသည့် နဝရတ်ရုပ်ရှင် ထုတ်လုပ်ရေး၊ အမျိုးသားဇာတ်ပို့ဆုကို မျှော်လင့်ခြင်းများ စွာဖြင့် ဖိုးကျော်၊ ဒါရိုက်တာ ဆုကို မျှော်လင့်ခြင်းများစွာရိုက်ကူး သည့် မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ မင်းသား ဆုကို ဂုဏ်ရှိန်ပြင်း တဲ့ချစ်ခြင်းသိက္ခာဖြင့် ရန်အောင်၊ မင်းသမီးဆု ကို တောင်သမန်သစ္စာဖြင့်နန္ဒာလှိုင်တို့ အသီးသီးရရှိခဲ့ကြကြောင်း ကြားသိရသည်။

ရုပ်ရှင်ရုံများတွင် လူမဝင်သဖြင့် ဝင်ငွေမရှိတော့သောကြောင့် ရုပ်ရှင်ကားကြီးများ အထွက်နည်းရခြင်းဖြစ်ရာ အကယ်ဒမီ ဆုအတွက် ယှဉ်ပြိုင်ရန်ဇာတ်ကားလည်းမရှိသလောက် နည်းပါးသွားရခြင်းဖြစ်ကြောင်း ရုပ်ရှင်သ ရုပ်ဆောင် ဇာဂနာက ဧရာဝတီသို့ပြောသည်။

၂၀၀၆ခုနှစ်တွင် ရုံတင်ခဲ့သော ဇာတ်ကားကြီးစုစုပေါင်း ၁၁ကားရှိသော်လည်း ရတနာဇာတ်ကားနှင့် လှည့်စား ဇာတ်ကား တို့မှာ မင်းသားကျော်သူနှင့် ဇာဂနာတို့ပါဝင်ထားသဖြင့် ဆန်ခါတင်အဆင့်သို့လုံးဝမဝင်ဘဲ မိုက်တီး လေးများမှာလည်း အကြမ်းအရမ်းအသားပေးဇာတ်ကားဖြစ်သဖြင့် ဆန်ခါတင်မဝင်ရာ ဆုပေးစရာ ရှစ်ကား သာကျန်တော့ခြင်းဖြစ်ကြောင်း သရုပ်ဆောင်ဇာဂနာကရှင်းပြသည်။

“ဓာတ်ပုံသမားဆိုလည်း လေးယောက်လောက်၊ တည်းဖြတ်ပညာရှင်ဆိုလည်း ၂ယောက်သုံးယောက်ပဲရှိတာ ဆိုတော့ ဘယ်သူရမယ်ဆိုတာ မှန်းလို့ရနေပြီလေ” ဟု ကိုဇာဂနာကပြောသည်။

၂၀၀၇ခုနှစ်အတွက်ဆိုလျင် ဇာတ်ကားကြီးစုစုပေါင်း ၇ကားသာရှိတော့ကြောင်းနှင့် မြန်မာနိုင်ငံကအသုံးပြုနေသော ဝမ်းတူးဖိုက်အမျိုးအစားဖလင်များကို ဖူဂျီကုမ္ပဏီကမထုတ်တော့သဖြင့် မြန်မာ့ရုပ်ရှင်လောကအတွက် ဖလင် အခက်အခဲ လည်း ရှိနေပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“ခုလောလောဆယ်မှာ ဝမ်းတူးဖိုက်လက်ကျန် ဆယ့်လေး ငါးထုပ်လောက်နဲ့ ရိုက်နေကြတာ၊ အဲဒါကုန်ရင် မရှိတော့ဘူး၊ အဲဒါဆို နိုင်ငံခြားက ဖိုက်ဟန်ဒြတ်ဆိုတဲ့ဖလင်နဲ့ ရိုက်ရမယ်။ အဲဒါနဲ့ရိုက်ရင် ကားကူးကားဆက် စနစ်တွေအားလုံး ပြောင်းပစ် ရမှာ” ဟု ၎င်းကဆက်ပြောသည်။

၎င်းရုပ်ရှင်အကယ်ဒမီဆုပေး ပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက အမှာစကား ပြောကြားခဲ့ရာ “နိုင်ငံတကာ နည်းတူ သင့်လျော်သည့် စတူဒီယိုကြီးများရှိရန်လိုအပ်ပြီး ယင်းသို့ နိုင်ငံတကာ အဆင့်မီ စတူဒီယိုကြီးများ ထူထောင်နိုင်ရန်အတွက် ရုပ်ရှင်လောကသားများအနေနှင့် တဦးချင်းဖြစ်စေ စုပေါင်း၍ဖြစ်စေ ရုပ်ရှင်အစည်း အရုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်” ဟုပါရှိသည်။

ဆက်လက်၍၎င်းက “ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ရှင်ဇာတ်ကားများ အရည်အသွေးတိုး တက်အောင် အီးစီနီမာ ဒီစီနီမာများပြုလုပ်နိုင်ရန်လိုအပ်သည်။ ရုပ်ရှင်လောကတိုးတက်ရေးအတွက် ဈေးကွက်ကျယ်ပြန့်ရေးက အသက်ဖြစ်သောကြောင့် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရေးသည် အဓိကကျသည်” ဟု ပြောကြားခဲ့သည်။

“အီးစီနီမာ ဒီစီနီမာတွေ အသာထားပြီး ရှိတဲ့ရုံလေးတွေမှာပဲ လူဝင်အောင်အရင်လုပ်ကြပါဦး။ ခုဟာက ရုံတင်မယ် ဆိုတာတောင် အဆင့်မြင့်ရုပ်ရှင်ရုံက ရန်ကုန်ရယ်၊ မန္တလေးရယ် တောင်ကြီးရယ်မှာပဲရှိတာလေ” ဟု ကိုဇာဂနာကပြောသည်။

“အကယ်ဒမီကတော့ ဘာမှရင်ခုန်စရာမရှိပါဘူး၊ ဈေးထဲကဈေးသည်တွေပြောနေတာ တကယ်ဖြစ်တာပဲ မပေးခင် ကတည်းက သူတို့က ဘယ်သူရမယ်ဆိုတာမှန်းပြီးသားပဲ” ဟု ရန်ကုန်နေ ပရိသတ်တဦးကပြော သည်။

ရုပ်ရှင်မင်းသမီးစန္ဒာ “နှစ်မွှာအသည်း” ဇာတ်ကားဖြင့် အကယ်ဒီရသည့် ၁၉၆၈၊ ၆၉ခုနှစ်ဝန်းကျင်းက အကယ်ဒမီအတွက် ယှဉ်ပြိုင်သည့် ဇာတ်ကားပေါင်း ၈၅ကားရှိခဲ့ကြောင်း စာနယ်ဇင်းလောကသား တဦးက ပြောပြသည်။

“အဲဒီတုန်းက ကျနော်က၁၀တန်းပဲရှိသေးတာ ရေဒီယိုကလာတဲ့ အကယ်ဒမီသတင်းကို စောင့်နားထောင်ရတာ အရမ်း ရင်ခုန်စရာကောင်းတယ် ခုဟာကမြန်မာပြည်မှာ ရုပ်ရှင်မှမဟုတ်ပါဘူး ဂီတ၊ သဘင်၊ စာပေ အနုပညာတွေအားလုံး အရည်အသွေးတွေ အားလုံးညံ့ကုန်ပြီ” ဟု ၎င်းကဆက်ပြောသည်။

၂၀၀၆ခုနှစ် ရုပ်ရှင်အကယ်ဒမီ ဆုပေးပွဲတွင် ဆုများအားလုံးကို ဇာတ်ကားလေးကားထဲတွင်သာ ပေးထားခြင်း ဖြစ်ပြီး ဒါရိုက်တာဆု၊ မင်းသားဆု၊ မင်းသမီး ဆု၊ ဇာတ်ကားဆုနှင့် အမျိုးသားဇာတ်ပို့ဆုမှာ ပရိသတ်များခန့် မှန်းထားသည့်အတိုင်း အတိအကျရရှိကြကြောင်း ကြားသိရသည်။

အေးချမ်းမြေ့ ဧရာဝတီ သတင်းဋ္ဌာန မှ ရယူပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form