ဦးဇာဂနာက ကျွန်မဆီကို မေးလ်တစ်စောင် ပို့လာပါတယ်။ ကိုနေဘုန်းလတ်အတွက် ရေးထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ဦးဇာဂနာ ပို့လာတဲ့ အတိုင်းဘဲ ကျွန်မ သူ့ကိုယ်စားတင်ပေးတာပါ။
ကိုနေဘုန်းလတ် တစ်ယောက် ကျန်းကျန်းမာမာနဲ့ အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းရင်း လွတ်မြောက်လာမယ့်နေ့ကို ဘလော့ဂါမောင်နှမများအားလုံးက စောင့်မျှော်လျက် ..
ကျွန်တော့ကိုယ်စား ဒီစာလေးတင်ပေးပါ
ကျွန်တော့နံမယ်နဲ့သုံးပေးပါ တဲ့
ကဗျာလေးကတော့
ညီလေးတစ်ယောက်ပါ
တစ်ခါမှ မငြင်းဆန်ဖူးခဲ့
သူများအတွက်လုပ်ရမယ်ဆို
ဘယ်လိုကူရကူရ
ဘယ်လောက်ကူရကူရ
ညီလေးတစ်ယောက်ပါ
ညာဖက်လက်မောင်းဖျောင်းကနဲကျိုးသလို
ဆစ်ကနဲနာကျင်ခဲ့ရ
မျက်မှန်ထူအောက်က သူ့မျက်ဝန်းတွေ
ငေးမောနေတာမဟုတ်
လွင့်မျောနေတာမဟုတ်
ခု သူဘယ်မှာလဲ
ပါဝင်ခွင့်မရတဲ့လောက ကို
သူငေးမောနေလေမလား။
ညီလေးတစ်ယောက်ပါ။
ဇာ၈နာ
(နေဘုန်းလတ်သို့)
ဒီကနေပြီး နှင်းမိုးဝေ ဆီကိုသွားရအောင်
ကိုနေဘုန်းလတ် တစ်ယောက် ကျန်းကျန်းမာမာနဲ့ အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းရင်း လွတ်မြောက်လာမယ့်နေ့ကို ဘလော့ဂါမောင်နှမများအားလုံးက စောင့်မျှော်လျက် ..
ကျွန်တော့ကိုယ်စား ဒီစာလေးတင်ပေးပါ
ကျွန်တော့နံမယ်နဲ့သုံးပေးပါ တဲ့
ကဗျာလေးကတော့
ညီလေးတစ်ယောက်ပါ
တစ်ခါမှ မငြင်းဆန်ဖူးခဲ့
သူများအတွက်လုပ်ရမယ်ဆို
ဘယ်လိုကူရကူရ
ဘယ်လောက်ကူရကူရ
ညီလေးတစ်ယောက်ပါ
ညာဖက်လက်မောင်းဖျောင်းကနဲကျိုးသလို
ဆစ်ကနဲနာကျင်ခဲ့ရ
မျက်မှန်ထူအောက်က သူ့မျက်ဝန်းတွေ
ငေးမောနေတာမဟုတ်
လွင့်မျောနေတာမဟုတ်
ခု သူဘယ်မှာလဲ
ပါဝင်ခွင့်မရတဲ့လောက ကို
သူငေးမောနေလေမလား။
ညီလေးတစ်ယောက်ပါ။
ဇာ၈နာ
(နေဘုန်းလတ်သို့)
ဒီကနေပြီး နှင်းမိုးဝေ ဆီကိုသွားရအောင်
Tags
ကဗျာ