အဲပုဂံ လေယာဉ် ပူတာအိုတွင် ပျက်ကျ

နယူးဒေလီ။ ။ ကချင်ပြည်နယ် ပူတာအိုမြို့မှ မြစ်ကြီးနားသို့ ပျံသန်းလာသည့် အဲပုဂံ လေယာဉ်တစင်း စက်ချို့ယွင်းမှုကြောင့် ယနေ့ညနေ ၃ နာရီခန့်တွင် ပျက်သွားခဲ့သည်။

လေယာဉ်ပြေးလမ်းမှ အရှိန်မြှင့်ကာ ပျံသန်းရန်ပြုစဉ် ပြေးလမ်းမှ ကိုက် ၁၀၀ ခန့် လွန်သွားခြင်း ဖြစ်သည်။

ခရီးသည် ၅၇ ဦး လေယာဉ်ပေါ်တွင် ပါရှိသော လေယာဉ်၏ လေယာဉ်မှူး လက်ကျိုးသွားပြီး လေယာဉ်၏ ဘယ်ဘက်တောင်ပံနှင့် ဘော်ဒီတွင် အနည်းငယ် ပျက်စီးသွားသည်ဟု သိရသည်။ သို့သော် ခရီးသည်တဦးမှ ထိခိုက် ဒဏ်ရာရမှု မရှိပါ။

"ပူတာအိုကနေ ဒီကို ပျံသန်းတဲ့အခါမှာ လေယာဉ်ကွင်းကနေ စထွက်ပြီး ၁ ဖာလုံလောက် အကွာမှာ ပျက်တာ။ ယောက်ျားက ၃၆ ယောက်၊ မိန်းကလေးက ၁၈ ယောက်၊ ကလေး ၂ ယောက်၊ နိုင်ငံခြားသား ၄ ယောက် တယောက်မှ မထိဘူး" ဟု လေကြောင်းလိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

ခရီးသည်များကို ဒေသ အာဏာပိုင်များနှင့် ရွာသူရွာသားများက ဆေးဝါး ကုသပေးခြင်းနှင့် လိုအပ်သည့် အကူအညီများ ဆောင်ရွက် ပေးခဲ့ကြသည်။

လွန်ခဲ့သည့်နှစ်က အဲပုဂံလေယာဉ် အေတီအာ ၄၂ လေယာဉ်သည် ဟဲဟိုးလေဆိပ်အဆင်းတွင် အင်ဂျင်ပျက်၍ ခရီးသည်တဦး ဒဏ်ရာရမှု ဖြစ်ပွားခဲ့သည်။

လွန်ခဲ့သည့် ၁၉၈ဝ ခုနှစ်ကျော်ကလည်း လယ်မယ်ဝါချီ ရွာအနီးတွင် ကုန်ပစ္စည်းများ တင်ဆောင်သည့် အစိုးရပိုင် Charter လေယာဉ်တစင်း စက်ချို့ယွင်းမှုဖြစ်ကာ ပျက်ကျခဲ့ရာ လေယာဉ်မှူး အပါအဝင် လူ ၄ ဦး သေဆုံးခဲ့သည်။

မောင်ဒီး မဇ္ဈိမ သတင်းဋ္ဌာန မှ
Tuesday, 19 February 2008 19:44 - မြန်မာစံတော်ချိန်

အသေးစိတ်ကို သိခြင်ရတော့ ပုဂံလေကြောင်းလိုင်းကို တိုက်ရိုက်ဖုံးဆက်ကြတော်မူပါခင်ဗျား -
Contact Addresss: (Myanmar)No.56, Shwe Taung Gyar Street, Bahan Township, Yangon, Myanmar.Tel: (+95-1) 514861,
513322, 513411, 513422
Fax: (+95-1) 515102
Hunt Line : (+95-1) 504888 resv: (+95-1) 514741~6,
Fax: (+95-1) 538283Email : info@airbagan.com.mm , market@airbagan.com.mm International Reservation: intl_rsvn@airbagan.com.mm Domestic Reservation: rsvn@airbagan.com.mm Website : www.airbagan.com

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form