အားလုံး… နိုးကြတော့

နအဖက..
သူကြိုက်တဲ့ ဥပဒေသူရေး
ရွေးကောက်ပွဲ အနိုင်ရသူများ။
ညီလာခံ မတက်ရ။
တံခါးအလုံပိတ်ပြီး.ရေးတဲ့ဥပဒေ။
ခြင်တောင်ချပြီး.ရေးတဲ့ဥပဒေ။

လူများများသတ်တတ်မှ အာဏာရ။
လွတ်တော်ထဲ စစ်သားစော်တမတ်သားပါမှ.
သမတ ဆိုတာ.စစ်တိုက်တတ်မှတဲ့
ငယ်ငယ်ကတည်းက
စစ်တိုက်တန်းဆော့လာတဲ့ ခလေးများ
အားမငယ်ကြနဲ့ 
သမတ ရွေးကောက်ပွဲဝင်စရာ
မင်းတို့ မှာ အရည်အချင်း ပြည့်မီစွာ။

ဆင်းလှဲ့ ပါတော့ သက်ကြားအိုများ
မသေမချင်း..ပင်စင်မစား
ဒီထိုင်ခုံ ကလည်းတော်တော်မက်.
ဘယ်နေရာနေနေ..ဘော်လည်းအတော်ချက်
အသုံးမကျ..စီမံချက်တွေကလည်း.တကယ်ပက်စက်
အိုင်ဒီယာတွေ တကယ်တုံးချက်.
လူအိုရုံ ထဲရောက်ဖို့ တကဲ့ အချိန်တွေတန်။၊

တည်ပြီးတဲ့ ဘုရား၊ ပြီးမှ ဌက်လင်းဠအနားမခံနိုင်။
အိမ်တောင်မှုပြု..မကောင်းရင်လမ်းခွဲသမှု။
ဆေးမင်ရည်စုတ်ထိုး.ပြင်နိုင်ရိုးရှိ။
အမှားသိရင်..အမှန်ရှိတယ်။

အစကောင်းမှ..အဆုံးကောင်း
ဒို့ အနာဂတ်..ဒို့ တတွေပြောင်းမယ်။
ဖွဲ့ စည်းပုံဥပဒေဆိုတာနိုင်ငံရဲ့ အသက်
ဒါးမိုးပြီး ငါ ဥပဒေ ငါရေး..
ငါ့ အမျိုးကောင်းစားရေး.
ငါ့ စစ်တပ်အာဏာမြဲရေး
ဒီဥပဒေ။..
အော်….စက္ကူစုတ်ကလေးသာသာပါဘဲ..

နိုးကြတော့.ပြည်သူ..
နိုးကြလော့ ပြည်သူ

အိပ်နေရာက..နိုး..
ဆန္ဒခံပွဲမှာလည်း နိုး
အမဲရောင်ပုံးထဲ မဲထည့်..
တိတ်တဆိတ် ဆန္ဒပြခဲ့..
မင်း.ရဲ့ နောက်မျိုး ခုနှစ်ဆက်..
စစ်ကျွန်..ဆက်မဖြစ်ချင်ခဲ့ရင်

မသဒ္ဓါ (၁။၁၂။၂၀၀၈)

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form