ကြားဖြတ်သတင်း

ဖဒိုမန်းရှာ လုပ်ကြံခံရ၊ သေဆုံး


ဒီချုပ် ဒုဥက္ကဌ ဦးတင်ဦး နေအိမ်အကျယ်ချုပ် သက်တမ်းတိုးပြန်


ကြံ့ဖွံ့က ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်ရှာ


ဖဒိုမန်းရှာ လုပ်ကြံခံရ၊ သေဆုံး

ကရင်အမျိုးသား အစည်းအရုံး၏ အထွေထွေ အတွင်းရေးမှုး ဖဒိုမန်းရှာသည် အမည်မသိ လက်နက်ကိုင် ၂ ဦးက သေနတ်ဖြင့် ပစ်သတ် လုပ်ကြံခံရသဖြင့် ယနေ့ မွန်းလွဲတွင် သေဆုံးသွားခဲ့သည်။

ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဆောက်နေအိမ်တွင် ထိုင်နေစဉ် ကားဖြင့် ရောက်လာသော သေနတ်သမား နှစ်ယောက်က ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု မဲဆောက်နေသူများ၏ အပြောအရ သိရသည်။

ဒီချုပ် ဒုဥက္ကဌ ဦးတင်ဦး နေအိမ်အကျယ်ချုပ် သက်တမ်းတိုးပြန်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦးကို ချမှတ်ထားသော နေအိမ် အကျယ်ချုပ် သက်တမ်းကို ဗုဒ္ဓဟူးနေ့က နောက်ထပ်တနှစ် ထပ်မံတိုးလိုက်ပြီ ဖြစ်သည်။

စစ်အစိုးရ အရာရှိများက အသက် ၈၁ နှစ် ရှိပြီ ဖြစ်သော ဦးတင်ဦး၏ နေအိမ်သို့ ရောက်လာပြီး နောက်ထပ် သက်တမ်းတိုးမိန့်ကို ဖတ်ပြသွားခဲ့သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန သတင်းရပ်ကွက်ကို ကိုးကား၍ ရိုက်တာ သတင်းတရပ်က ပြောသည်။

အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ မေ ၃ဝ၊ ၁ဝဝ၃ ခုနှစ်က နိုင်ငံရေး စည်းရုံးရေး ခရီးလှည့်လည်စဉ် ဒီပဲယင်းအရပ်၌ ကြံ့ခိုင်ဖွံဖြိုးရေး လူမိုက်များ၏ လက်နက်ဖြင့် အကြမ်းဖက် တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး နေအိမ်အကျယ်ချုပ် ကျခံနေခဲ့ရသည်။

ကြံ့ဖွံ့က ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်ရှာ

ကြံ့ဖွံ့အကြီးအကဲများက ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို လိုက်လံရှာဖွေမှု ပြုနေသည်ဟု ယုံကြည် စိတ်ချရသော သတင်းရပ်ကွက် တခုက ပြောသည်။

“နာမည်ရှိသူတွေပေါ့၊ ကျောင်းဆရာဟောင်းတွေ၊ စီးပွားရေးသမား စတာတွေပေါ့” ဟု သူက ပြောသည်။

စက်မှု ၁ ဝန်ကြီးလည်းဖြစ်သူ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအောင်သောင်းက သက်ဆိုင်ရာ မဲဆန္ဒ နယ်မြေအတွက် တင်ပြလာသော ကိုယ်စားလှယ်လောင်းများကို အတည်ပြုခြင်း၊ ပယ်ချခြင်းတို့ စီစစ် ပြုလုပ်သွားမှာ ဖြစ်သည်။

မဇ္ဈိမ သတင်းဋ္ဌာန မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form