ဖဒိုမန်းရှာ လုပ်ကြံခံရ၊ သေဆုံး မှုအသေးစိတ်အချက်အလက်များ




ကရင်အမျိုးသား အစည်းအရုံး၏ အထွေထွေ အတွင်းရေးမှုး ဖဒိုမန်းရှာသည် အမည်မသိ လက်နက်ကိုင် ၂ ဦးက သေနတ်ဖြင့် ပစ်သတ် လုပ်ကြံခံရသဖြင့် ယနေ့ မွန်းလွဲတွင် သေဆုံးသွားခဲ့သည်။

ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဆောက်နေအိမ်တွင် ထိုင်နေစဉ် ကားဖြင့် ရောက်လာသော သေနတ်သမား နှစ်ယောက်က ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု မဲဆောက်နေသူများ၏ အပြောအရ သိရသည်။

“သေနတ်တချက် ပစ်တယ်။ နောက်နှစ်ချက် ဆက်တိုက် ပစ်တယ်။” ဟု ဖဒိုမန်းရှာ အိမ်နဘေးတွင် နေထိုင်သူ တဦးက ပြောသည်။

ကရင်အမျိုးသားခေါင်းဆောင်သည် ထိုင်းစံတော်ချိန် မွန်းလွဲ ၄ နာရီ ၂ဝ ခန့်တွင် နေအိမ် အပေါ်ထပ်တွင် စာဖတ်နေစဉ် မှန်လုံကားဖြင့် ရောက်လာသော သေနတ်သမားများက အပေါ်ထပ် တက်လာပြီး သေနတ်ဖြင့် ပစ်သွားခြင်း ဖြစ်သည်။

သေနတ် ၃ ချက် ပစ်ခတ်ခဲ့ပြီး ရင်ဘတ်ကို ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်။

ပစ်ခတ်ပြီးနောက် သေနတ်သမားများက မြို့ထဲဘက်သို့ ကားမောင်း ထွက်ပြေးသွားသည်ဟု မျက်မြင် သက်သေများက ပြောသည်။

ပုံမှန်အတိုင်း အစောင့်အကြပ် ထားရှိခြင်း မရှိသော နေအိမ်တွင် အောက်ထပ်တွင်သာ ရုံးဝန်ထမ်း ၂ ယောက်သာရှိရာ အလွယ်တကူ ဝင်ပစ်သွားခြင်း ဖြစ်သည်။

--------------------------------------------------------

မဇ္ဈိမက ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့က ဖဒိုမန်းရှာကို ဆက်သွယ် မေးမြန်းခဲ့သော နောက်ဆုံး အင်တာဗျူးကို ပြန်လည် ဖော်ပြလိုက်ပါသည်။

မေး။ ။ စစ်အစိုးရရဲ့ စနေနေ့က ကြေညာချက်ဟာ မြန်မာပြည်မှာ ဒီမိုကရေစီ လမ်းကြောင်းကို တကယ်ပဲ ဦးတည်တာလား။
ဖြေ။ ။ ဒါဟာ ဒီမိုကရေစီကို ဦးတည်တာ မဟုတ်ဘူး၊ အာဏာရှင်စနစ် ခိုင်မြဲရေးကို ဦးတည်နေတာ။

မေး။ ။ အခုလို့အချိန်မှာ၊ အားလုံး မမျှော်လင့်တဲ့အချိန်မှာ ကောက်ကာငင်ကာ ကြေညာလိုက်တာ ဘာကြောင်လို့ ထင်လဲ။
ဖြေ။ ။ စက်တင်ဘာလ တော်လှန်ရေးအပြီးမှာ နိုင်ငံတကာက ဖိအားက ပိုများလာတယ်။ ပြည်တွင်းမှာလည်း သူကို သိပ်မခံမရပ်နိုင်တော့ဘူး ဆိုတဲ့အချက်က ထင်ရှားလာတယ်။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ ယူအမ်ရဲ့  ပါဝင်မှု၊ အဲဒီအပေါ်မှာ သူတို့သွားနေတဲ့ ရုတ်မက်ပ်ဟာ နိုင်ငံခြားကနေ ဖိအားတွေ မြင့်လာရင်၊ ဝင်လာရင် အတားအဆီး ဖြစ်မှာစိုးတယ်။ နိုဝင်ဘာလ (၁၆) ရက်နေ့က သူတို့ သတင်းစာ ရှင်းလင်းပွဲမှာ ဒါကိစ္စက ရှင်းတယ်။ နိုင်ငံတကာကနေပြီးတော့ သူတို့ရဲ့ ရုတ်မက်ပ်ကို ဝင်ပြီးနှောက်ယှက်တာကို သူတို့ လက်မခံဘူး။ အဲဒီတော့ သူတို့က သူတို့လမ်းကြောင်းကို သွားတော့မယ်လို့ ပြောလိုက်တာ ဖြစ်တယ်။ ယူအမ်ရဲ့ ပါတီစီပေးရှင်းကို လက်မခံဘူး။ နိုင်ငံတကာက ဖိအားပေးတာကိုလည်း လုံးဝ လက်မခံဘူး။

မေး။ ။ သူတို့က တကယ်ပဲ ၂ဝ၁ဝမှာ ရွေးကောက်ပွဲ လုပ်သွားနိုင်သလား ခင်ဗျ။
ဖြေ။ ။ ရွေးကောက်ပွဲက လုပ်ချင်တိုင်း လုပ်လို့ မရဘူးဗျ။ အရင်တုန်းက ၁/၉ဝ ထုတ်ထားတာ ရှိတယ်။ အဲဒါကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ သူတို့ကို ဝိုင်းမေးရမယ်။ အဲဒါကို အကောင်အထည် မဖော်ဘဲနဲ့ သူဟာနဲ့သူ နောက်ထပ် ၂ဝ၁ဝခုနှစ်၊ ၂ဝ၂ဝ တို့ လုပ်ချင်ရာ လျှောက်လုပ်နေလို့ မဖြစ်ဘူး ထင်တယ်။

မေး။ ။ အရင်ကလည်း လူထုဆန္ဒ ခံယူပွဲတွေကို အကြပ်ကိုင်ပြီး လုပ်ခဲ့တာရှိတော့၊ အခုရော ဒါမျိုးလုပ်လို့ မရနိုင်ဘူးလား။
ဖြေ။ ။ သူတို့လုပ်လို့ ရနိုင်ပါတယ်။ မေလ ရွေးကောက်ပွဲမှာတုန်းက သူတို့ တွက်ခြေမကိုက်ဘူး။ မကိုက်တော့ မေလ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်ဆီးဖို့္ဒအေငသညေူ ဃသညလနညအငသည နဲ့္မသေိာစေ ကို စဉ်းစားတာ ဖြစ်တယ်။ အဲလို ဖြစ်တဲ့အခါကျတော့ ဒီတချီမှာတော့ နိုင်လဲနိုင်၊ ရှုံးလည်းနိုင် သူတို့လုပ်မှာ ဖြစ်တယ်။ ဒါကြောင့်မို့ ဒီကိစ္စ္ဂအပေါ်မှာ ကျနော်တို့ သေသေချာချာ စဉ်းစားပြီးတော့မှ ခိုင်မာတဲ့ တုံ့ပြန်မှု၊ ပြတ်သားတဲ့ တုံ့ပြန်မှုတွေ ကျနော်တို့ လုပ်ဖို့ လိုတယ်။

မေး။ ။ ဘာတွေ ဖြစ်မလဲ ခင်ဗျ။
ဖြေ။ ။ လက်ရှိ သွားနေတဲ့ လမ်းကြောင်းကို ကျနော်တို့ လက်မခံနိုင်ဘူး။ လူထု လှုပ်ရှားမှုတွေ လုပ်ရမယ်ဆိုတဲ့ အချက်ဘက်က ရပ်တည်ပြီး လုပ်ရမှာ ဖြစ်တယ်။

မေး။ ။ လူထုက ဘာတာဝန်တွေ ရှိလာပြီးလဲ ခင်ဗျ။
ဖြေ။ ။ လူထုက အများကြီး လုပ်လို့ရတယ်။ သူတို့က ၥသူငအငခေူ ၵသည-ခသသစနမေအငသည၊ နိုင်ငံရေးအရ ပူးပေါင်း ဆောင်ရွက်တာ မလုပ်ဖို့၊ စီးပွားရေးအရလည်း လုံးဝ ပူးပေါင်းဆောင်ရွက်တာ မလုပ်ဖို့၊ လူမှုရေးအရ လုံးဝ ပူးပေါင်းဆောင်ရွက်တာ မလုပ်ဖို့၊ အဲလို လက်တုံပြန်ရမယ်။ နိုင်ငံရေး တိုက်ပွဲတွေ၊ လူထု တိုက်ပွဲတွေ၊ လက်နက်ကိုင် တိုက်ပွဲတွေ၊ နိုင်ငံတကာက နေပြီးတော့ နိုင်ငံရေး တိုက်ပွဲတွေ၊ နိုင်ငံတကာ ဖိအားတွေ၊ ဒါတွေကို ကျနော်တို့ မြှင့်တင်ရမယ်။ မဟုတ်ရင် နအဖကဟာ သူတို့ နားလည်တဲ့ ဘာသာစကားနဲ့ သူတို့ကိုပြောမှ။ အရင်တုန်းကလို သူတို့က ချောမြူရေးဝါဒကို ကျင့်သုံးနေတာကြောင့် သူတို့ ဘယ်သူကိုမှ ဂရုစိုက်မှာ မဟုတ်ဘူး။


Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form