ကလေးစစ်သား မရှိဟုငြင်းဆိုသော မြန်မာစစ်အစိုးရ


မတ္ထီလာအခြေစိုက် တပ်မ ၉၉ မှ ကလေးစစ်သားတယောက်ကို တွေ့ရစဉ်၊ အဆိုပါ ဓာတ်ပုံသည် မဇ္ဈိမ၏ အထောက်တော်က မကြာသေးခင်က ရိုက်ကူးထားသည့် ပုံဖြစ်သည်။



ဖုံးကွယ်၍ မရပါ။ ။ အမှတ် ၃ဝ၁ အမြောက်တပ်မှ အသက် ၁၆ နှစ်အရွယ် ကလေးစစ်သား တယောက်ကို တွေ့ရစဉ်။ ကလေးစစ်သား မရှိပါဟု မြန်မာ စစ်အစိုးရက တစာစာ အော်နေသော်လည်း မဇ္ဈိမ၏ အထောက်တော်က မကြာသေးခင်ကပင် ဓာတ်ပုံမှတ်တမ်း ရိုက်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ သတင်းထောက်သည် အဆိုပါ အမှတ် ၃ဝ၁ အမြောက်တပ် အုပ်စုတွင် ကလေးစစ်သားဟု ယုံကြည်ရသူ စစ်သားငယ် ၄ ဦးကို တွေ့မြင်ခဲ့ရသည်။ သို့သော် စစ်သားငယ် ၂ ဦးကိုသာ စွန့်စွန့်စားစား ဓာတ်ပုံရိုက်ခွင့် ကြုံခဲ့သည်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် အမှတ် ၃ဝ၁ အမြောက်တပ်ရင်းသည် မတ္ထီလာမှ မြိတ်သို့ ပြောင်းရွှေ့သွားသည်။

ကလေးစစ်သား တဦးက သူ၏ အရာရှိ ဗိုလ်ဖြစ်သူက တရားမျှတမှု မရှိကြောင်းနှင့် သူ၏လစာများ ဖြတ်တောက်လေ့ ရှိကြောင်း မဇ္ဈိမ သတင်းထောက်ကို တီးတိုး ပြောကြားသွားသည်။

သတင်းထောက်က အခိုင်အမာ ပြောကြားရာတွင် စစ်သားငယ်များ၏ ပြင်ပ ပုံသဏ္ဍာန်အားဖြင့် သော်လည်းကောင်း၊ စကားပြောဟန်နှင့် လေယူလေသိမ်းတို့သည် အသက် ၁၈ နှစ်မပြည့်သေးသူများ ဖြစ်ကြသည်ဟု ဆိုသည်။ သက်ကြီး စစ်သားတဦးကလည်း အဆိုပါ စစ်သားလေးများ၏ အသက်မှာ အသက် ၁၃ နှစ်မှ ၁၆ နှစ်အတွင်းသာ ဖြစ်သည်ဟု ပြောပြခဲ့သည်။


Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form