အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများကို

အင်းစိန်ထောင်တွင်း၌ ဖမ်းဆီးထိန်းသိမ်းခြင်း ခံနေရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့အား Referendum နှင့် ပတ်သက်သည့် သဘောထားများကို သက်ဆိုင်ရာ အာဏာပိုင်များက လာရောက်မေးမြန်းကြောင်း၊ ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့က ထိုသဘောထားများကို ထောင်တွင်း၌ ဖြေကြားပေးနိုင်မည် မဟုတ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးလျှင် တိတိကျကျ ဆွေးနွေးဖြေကြားပေးမည်ဟု ပြန်လည်ပြောဆိုလိုက်ကြောင်း သတင်းရရှိသည်။

ထို့နောက် ထောင်အာဏာပိုင်များက ပြစ်ဒဏ်ချမှတ်ခြင်း မရှိသေးသည့် နိုင်ငံရေး အကျဉ်းသားများ ဖြစ်သော ၈၈-မျိုးဆက်ကျောင်းသားများနှင့် အခြားနိုင်ငံရေးအကျဉ်းသားများကို နေရာ(၃)နေရာခွဲပြီး မနက်(၈)နာရီမှ ညနေ(၆)နာရီအထိ ငယ်ဘ၀အကြောင်းအရာတွေ အပါအ၀င် မေးမြန်းမှုတွေ ပြည့်ပြည့်စုံစုံ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ပြီးနောက် ၁၅-၂-၀၈နေ့ မနက်တွင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသား (၁၆၀)ဦးကို ထောင်ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

ဒေါက်တာလွဏ်းဆွေ ဘလော့ဂ် မှ ကျွန်ုပ်တို့၏ သတင်းထောက်ပေးပို့သည်

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form