မြန်မာစစ်အစိုးရက လက်ရှိ ရေးဆွဲနေတဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းကို ဥပဒေမှုကြမ်းရေးဆွဲရေး ကော်မရှင်က အတည်ပြုလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ လာမယ့် မေလကျရင် လူထုဆန္ဒခံယူပွဲ ကျင်းပပြီး အဲဒီမူကြမ်းကို အတည်ပြုရေးလုပ်မယ်၊ သက္ကရာဇ်၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ နောက်တကြိမ် ထပ်ကျင်းပမယ်လိုဲ့ မြန်မာစစ်အစိုးရက ကြေညာထားတာပါ။ ပြည်တွင်း နိုင်ငံရေး လေ့လာသူတွေ အကြားမှာတော့ စစ်အစိုးရရဲ့ လူထုဆန္ဒခံယူပွဲအပေါ် သံသယဖြစ်နေကြပါတယ်။ အရင်ကလို လူတွေကို အတင်းအကျပ် မလာမနေရ ဆင့်ခေါ်ပြီး လက်ညိုးထောင် ခေါင်းငြိမ့်လုပ်ခိုင်း တာမျိုး အတင်းအကြပ်ထောက်ခံခိုင်းတာမျိုးပဲဖြစ်လိမ့်မယ်လို့ ပြောဆိုဝေဖန်နေကြပါတယ်။
VOA သတင်းဌာန မှ
Tags
သတင်း