ကျောင်းချိပ်ပိတ်ခံရမှု ပီနန်း ဆရာတော် ဘုရားကြီးနှင့် မေးမြန်းချက်

အေးနိုင် | ဇွန်လ ၁၁ ရက်နေ့ မနက် ၁ နာရီမှာ သာသနာရေးဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့က တာမွေမြို့နယ် နတ်ချောင်းမှာရှိတဲ့ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးမှာ သီတင်းသုံးနေတဲ့ သံဃာတွေနဲ့ ကျောင်းမှာ ဝေယျာဝစ္စဆောင်ရွက်တဲ့ ဒကာနဲ့ ဒကာမတွေကို ဖယ်ရှားခဲ့ပြီး ကျောင်းကို ချိပ်ပိတ်ခဲ့ပါတယ်။

သံဃာတွေကိုတော့ ကမ္ဘာအေးကို ပင့်ဆောင်သွားခဲ့ပါတယ်။ တာမွေရဲစခန်းကို ခေါ်ဆောင်ခံရတဲ့ အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီး ၁၅ ဦးတို့ကိုတော့ မနက် ၉ နာရီဝန်းကျင်လောက်က ပြန်လွှတ်ပေးလိုက်ပါတယ်။

မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးကို ကမ္ဘာ့သာသနာပြု ပီနန်ဆရာတော်ဘုရားကြီး ဦးပညာဝံသက ပိုင်ဆိုင်ကြောင်း အထောက်အထား အခိုင်အလုံ ရှိတယ်လို့ တင်လျှောက်ခဲ့ပေမယ့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကလည်း အဖွဲ့ကို ရေစက်ချ လှူဒါန်းထားတာကြောင့် အဖွဲ့ပိုင်ဖြစ်တယ်လို့ ရပ်တည်နေတာ ဖြစ်ပါတယ်။

အပြည့်အစုံ ဖတ်ရန်

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form