ရခိုင်ဒေသ အခြေအနေ ပြည်နယ်တွင်း စစ်ပွဲသို့  ဦးတည်နေ

FNG | ရိုဟင်ဂျာ ဘင်္ဂါလီ များ ၏ ကျူး ကျော်မှု နှင့် ပတ်သက် ပြီး ရခိုင် ဒေသတွင် အစိုးရ လုံခြုံရေး တပ်များက ထိထိ ရောက် မဖြေရှင်းမှုသည် ပြဿနာ ပိုမို ကြီးထွား လာနိုင်ပြီး ရခိုင် တိုင်းရင်းသားများကလည်း မိမိ ဒေသ လုံခြုံ ရေး အတွက် တစ် ပိုင် တစ် နိုင် ဆောင်ရွက် ကြ ရာ မှ ဒေသတွင်း စစ်ပွဲငယ် တစ်ခုသို့ ဦးတည် နေကြောင်း စစ်တွေမြို့မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက FNG သို့ ပြောသည်။

မငြိမ်သက်မှု စတင် ဖြစ် ပွားခဲ့ရာ မောင်တောမြို့နှင့် ဘူးသီးတောင် ဒေသများ တွင် လုံခြုံရေး တပ်ဖွဲ့များ က အပြည့် အ၀ တာဝန်ယူ နိုင် မှု မရှိ သေး ပဲ ပြည်သူ များ မှာ စိုးရိမ် ရသည့် မလုံခြုံမှု အနေ အထား တွင်ပင် ဆက်လက်ရှိ နေဆဲ ဖြစ်သည်ဟု ထိုဒေသရှိ ဒေသခံ တစ်ဦး က ပြောသည်။

ယခု သီတင်းပတ် အတွင်း ရသေ့တောင် မြို့နယ် ကူတောင်တွင် ဘင်္ဂါလီများက ရခိုင် တိုင်းရင်းသား ကျေးရွာကို မီးရှို့ ပြီး လူ ၁၀ ဦး ထက် မနည်း ကို သတ်ဖြတ် ခဲ့ သော် လည်း အစိုးရ စစ်တပ်က ရခိုင် တိုင်း ရင်းသား များ ကို သတ် ဖြတ် ခဲ့ သည့် ဘင်္ဂါလီ ကျေးရွာ များကို ထိထိ ရောက်ရောက် ဖြေရှင်း နိုင် မှု မရှိ ဟု သိရသည်။

စစ်တွေမြို့တွင် လည်း ပြည်သူများက မိမိ ဒေသနယ် အတွက် နေ့ရော ၊ ညပါ တစ်ပိုင် တစ်နိုင် လုံခြုံရေး ယူထား ရ ပြီး ဘင်္ဂါလီ များ က ကျူးကျော် လာလျှင် သံ ချောင်းများ ခေါက် လူစုကာ ရပ်ရွာ ဒေသ ကာကွယ်ရေး အတွက် မိမိကိုယ်ကို အားကိုး နေရသည်ဟု စစ်တွေ မြို့ခံများက ပြောသည်။

အဆိုပါ မိမိကိုယ်ကို ကာကွယ်မှု ပုံသဏ္ဍန်နှင့် ဆက်လက် မငြိမ်မသက်မှုများ ပေါ်ပေါက် နေခြင်းသည် ရေရှည်တွင် လက်နက်ကိုင် စစ်ပွဲငယ် တစ်ခုသို့ ဦးတည် နေနိုင် ပြီး ၊ ပြည်နယ်တွင်း ဒေသန္တာရ စစ်ပွဲငယ်များ ဖြစ်လာနိုင်သည်ဟု ခန့်မှန်း ကြသည်။

ဘင်္ဂါလီ ရိုဟင်ဂျာများသည် တုတ် ၊ ဓါး စသည့် လက်နက်ငယ် များမှ အစ မြှားနှင့်လုပ် သေနတ် တူမီး သေနတ် ကဲ့သို့ လက်နက်များ အသုံး ပြုပြီး ရခိုင် တိုင်းရင်းသားတို့ကမူ မိမိ ဒေသ အပြည့် အ၀ လုံခြုံမှု ရှိနေစေရန် အားကောင်းသော ပြည်သူ့စစ် (သို့မဟုတ်) နယ်ခြားစောင့် တပ်ဖွဲ့စည်းရေး တောင်းဆို လာကြသည်။

ဇွန်လဆန်းပိုင်း ကတည်းက စတင်ခဲ့သည့် ဘင်္ဂါလီ ရိုဟင်ဂျာများ၏ ကျူးကျော်မှုကြောင့် လူ ပေါင်း ၈၀ ကျော် သေဆုံး ခဲ့ ပြီး အိုး မဲ့ အိမ် မဲ့ ဖြစ်ခဲ့ ရသူ များ မှာ နှစ် သောင်း ကျော် ရှိ သည်။

Photo Description / Photo : AFP

A child stands in a street lined with destroyed buildings following days of sectarian
violence in Sittwe, capital of Myanmar’s western state of Rakhine on June 16, 2012.
More than 80 people have been killed in a wave of communal violence in western
Myanmar this month, a government official said on Thursday

source by : FNG

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form