နေပြည်တော်မှ ၀န်ထမ်းတစ်ဦးမှ ပေးစာ


(ဓာတ်ပုံ - မက်ဆင်ဂျာ ဖေ့စ်ဘုတ်မှ)
အခု နေပြည်တော်မှာ ကျပ် ၂ သိန်းတန် ဖုန်းတွေ ချပေးနေပါပြီ။ ဦးစီးဌာနတွေ အနေနဲ့ ဝန်ထမ်း အရေအတွက် ရှိသလောက် အဲဒီ ၂ သိန်းတန် ဖုန်းကို ဝယ်ယူ ရမယ်လို့ သက်ဆိုင်ရာ ဝန်ကြီး ဌာနတွေနဲ့ မြန်မာ့ ဆက်သွယ်ရေး က အတင်းအကြပ် လုပ်နေပါတယ်။

ဥပမာ ဝန်ထမ်း ၁၀၀ ရှိတဲ့ ဌာနက ဝန်ထမ်းတွေ ဆီက ငွေကောက်ပြီး ဖုန်းဖိုး သွားသွင်းတဲ့ အခါ လူ ၈၀ လောက်ပဲ ဖုန်း ယူတယ် ဆိုရင် မရဘူး လူ ၁၀၀ စာ စလုံး ယူရမယ်။ ခင်ဗျားတို့ ဌာနက လူစာရင်းကို သမ္မတ ရုံးကို ပို့ထားတယ်။ လူ ၁၀၀ စာမပြည့်ရင် မရဘူး အရေးယူ ခံရမယ် စသည်ဖြင့် ပြောပါတယ်။

အဲဒါကြောင့် ဦးစီးဌာနတွေ အနေနဲ့ မိမိတို့ ဌာန ရန်ပုံငွေထဲက ငွေစိုက်ပြီး ဆက်သွယ်ရေးက ဖုန်းကို ဝယ်ပေးထား၊ နောက်တော့မှ ဝန်ထမ်းတွေ ဆီက လပေးနဲ့ တစ်လ (၂၀၀၀၀) နှုံးလောက်နဲ့၊ ငွေပြန်ဖြတ်လုပ်နေရပါတယ်။

တစ်လ ၄ သောင်း ၅ သောင်းလောက်သာရတဲ့ အောက်ခြေ ဝန်ထမ်းတွေ အတွက် တယ်လီဖုန်း တစ်လုံး ၂ သိန်းဆိုတာ များနေပါတယ်။ ပြီးတော့ ဖုန်းလက်ရှိ၊ ရှိနေတဲ့ အရာရှိတွေ ကလည်း ဖုန်း မယူချင်ကြပါဘူး။ အားလုံးက ၅၀၀၀ တန်ဖုံးကိုပဲမျှော်လင့်နေပါတယ်။

အခုဟာ က မြန်မာ့ဆက်သွယ်ရေးဟာ တော်တော်အောက်တန်းကျတဲ့အလုပ်ကိုလုပ်တာပါ။ တယ်လီဖုန်းတွေ သိန်း ၄၀ ၊ ၅၀ လောက် အမြတ်နဲ့ ရောင်းရတုန်းက ဝန်ထမ်း အငယ်တွေကို လှည့်တောင် မကြည့်ပါဘူး၊ အခု ၂ သိန်းတန်ဖုန်းတွေ ရောင်းမရတော့ ဝန်ထမ်း တွေကို အတင်း ယူခိုင်းပါတယ်။ ကုမ္မဏီနဲ့ ပေါင်းပြီး လုပ်တယ် ဆိုတာ ထင်ရှားပါတယ်။

မခံမရပ်နိုင်လွန်းလို့ ရေးလိုက်တာပါ အများ သိအောင် ကြော်ငြာပေးပါပါ။ အဲဒီတော့မှ သူတို့ မတရား လုပ်နေတာတွေ ရပ်ပါလိမ့်မယ်။ မဟုတ်ရင် နည်းမျိုးစုံနဲ့ ဝန်ထမ်းတွေဆီက ပိုက်ဆံကို ညစ်ပတ်ယူနေဦးမှာ။

စာဖတ်သူ ဖတ်လို့ ကောင်းအောင် ကြိုက်သလို စာကို ပြင်ဆင်ပြီး တင်ပေးပါ။ ကျွန်တော်က မခံမရပ်နိုင်လွန်းလို့ စာရေးလိုက်တာပါ။ လူဖတ်လို့ ကောင်းအောင် စာမရေး တတ်ပါဘူး။

နေပြည်တော်မှ ၀န်ထမ်း တဦး

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form