သမီးလေး ရွှေမိုးသဲ၏ မွေးနေ့ မြတ်သော ဒါန

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။
ရန်ကုန်မြို့ မှ ဖေဖေ ဦးငွေစိုးအောင်နဲ့ မေမေ ဒေါ်ဇင်မာလွင် တို့၏ တစ်ဦးတည်းသော သမီးလေး မရွှေမိုးသဲရဲ့ (၈)နှစ်ပြည့် မွေးနေ့မှ အမှတ်တရ မွန်မြတ်သော ကုသိုလ် ပြုလုပ်ရန်နှင့် သမီးလေးလည်း တခြား ကလေးတွေရဲ့ မပြည်စုံတဲ့ ဘ၀တွေကို စာနာ ထောက်ထားတတ် စေရန် ရည်ရွယ်ချက်ဖြင့် (၅. ၁၁.၁၁) စနေနေ့က ခရမ်မြို့ အမေ့အရိပ် ပညာဒါန ကျောင်းလေးမှ ပညာ သင်ကြား နေကြတဲ့ ကလေးများကို စာရေး ကရိယာ မျိုးစုံနဲ့ မုန့်မျိုးစုံ တို့ကို ကိုယ်တိုင် ကိုယ်ကျ လာရောက် လှူဒါန်း သွားခဲ့ကြပါတယ်။ ခရမ်းမြို့ အမေ့အရိပ် ပညာဒါန ကျောင်းလေး ဆောက်လုပ်ရန် အတွက်လည်း အလှူငွေကျပ် တစ်သိန်း တိတိကို ကျောင်း ကော်မတီသို့ ပေးအပ် လှူဒါန်းခဲ့ကြပါတယ်။

သမီးလေး ရွှေမိုးသဲ၏ မွေးနေ့ မြတ်သော ဒါန အလှူကို အားလုံး သာဓုခေါ်နိုင်ရန် မျှဝေ လိုက်ပါသည်။

လေးစားစွာဖြင့်
ကိုငယ် (၀၉ ၅၁၆၂၀၆၀)
အမေ့အိမ် ပညာရေး ကော်မတီ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form